Connect with us

Environment, Disasters & Accidents

စိုးရိမ်ရေမှတ်နှင့်နီးစပ်နေသောမြို့များ၏ မြစ်ရေအခြေအနေမိုးဇလထုတ်ပြန်

စိုးရိမ်ရေမှတ် နှင့် နီးစပ်သော မြို့များ ၏ မြစ်ရေအခြေအနေ ထုတ်ပြန်ချက်ပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

စိုးရိမ်ရေမှတ်နှင့်နီးစပ်နေသောမြို့များ၏ မြစ်ရေအခြေအနေများကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန မှယနေ့သတင်းထုတ်ပြန်သည်။

ချင်းတွင်းမြစ်ရေ သည် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ် ၂၉၀၀ စင်တီမီတာ အနီး ၂၇၈၇ စင်တီမီတာ သို့ရောက်ရှိနေကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့ တွင် ငဝန်မြစ်ရေသည် စိုးရိမ်ရေမှတ် ၁၁၆၀ စင်တီမီတာအနီး ၁၀၈၁ စင်တီမီတာသို့ရောက်ရှိနေကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ ငဝန်မြစ်၏ စိုးရိမ်ရေမှတ် ၆၂၀ စင်တီမီတာအနီး ၅၆၀ စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။

တိုးမြစ်ရေသည် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် စိုးရိမ်ရေမှတ် ၇၂၀ စင်တီမီတာအနီး ၆၂၄ စင်တီမီတာ သို့ မြင့်တက်နေကြောင်း မိုးဇလ ၏ ဇွန်လ ၃၀ရက် ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.