Connect with us

Environment, Disasters & Accidents

ဧရာဝတီ နှင့် စစ်တောင်းမြစ် စိုးရိမ်ရေ အမှတ်အောက် ကျဆင်းနိုင် ဟုဆို

ဧရာဝတီမြစ် အား ဝေဟင်မှမြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် နှစ်ပေခန့်စီ စိုးရိမ်ရေ အမှတ် ကျော်နေပြီးနောက် ၂ ရက်အတွင်း စိုးရိမ် ရေအမှတ်အောက်သို့ ကျဆင်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မိုးလေဝသ နှင့်ဇလ ဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းက “ ဧရာဝတီ မြစ်ကတော့ ၂ ရက်အတွင်း စိုးရိမ်ရေ အမှတ်အောက် ကျဆင်း နိုင်တယ်။ စစ်တောင်း မြစ်ကတော့ အခု စိုးရိမ်ရေ အမှတ်အောက်ကို ရောက်သွားပါပြီ’’ ဟု ဆင်ဟွာကိုပြောသည်။

သြဂုတ်လ ၁၀ ရက်နေ့တွင် တိုင်းတာချက်အရ ငဝန် မြစ်ရေသည် ငသိုင်းချောင်း မြို့တွင် ၃ ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေ အမှတ်သို့ ကျော်လွန်နေပြီး၊ နောက် ၂ ရက်တွင် ၁ ပေခန့် ကျဆင်း နိုင်သော်လည်း စိုးရိမ်ရေ အမှတ်အဖြစ် ဆက်လက် တည်ရှိနိုင်သေးကြောင်းဆိုသည်။

မြန်မာနိုင်ငံ မြောက်ပိုင်း နှင့် တောင်ပိုင်း ဒေသများတွင် မိုးရွာသွန်းမှုများ ဆက်လက် အားကောင်းနေပြီး၊ နေရာကွက်၍ မိုးကြီး နိုင်ကြောင်း သိရသည်။

ဒေါ်ရီရီငြိမ်းက “အခုက မိုးလယ် ကာလ ဖြစ်နေတယ်။ မိုးကတော့ ဆက်ပြီးများ နိုင်သေးတယ်။ တောင်ပိုင်းမှာဆိုရင် ဧရာဝတီ၊ တနင်္သာရီ၊ ရန်ကုန်တို့တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်။ စစ်ကိုင်းတိုင်း ဒေသကြီးတို့ ကချင်ပြည်နယ် တို့မှာလည်း နေရာကွက်ပြီး မိုးကြီးနိုင်တယ်’’ ဟုဆိုသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117