Connect with us

Environment, Disasters & Accidents

နှစ်ပေါင်း ၃၂ နှစ်အတွင်း ဖြူးမြို့၌ အမြင့်ဆုံး အပူချိန် စံချိန်သစ်တင်

မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည့် အမြင့်ဆုံးအပူချိန် စံချိန်သစ်ပြ ဇယား အားတွေ့ရစဉ် (ဓာတ်ပုံ-မိုးဇလ)

ရန်ကုန် ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

နှစ်ပေါင်း ၃၂ နှစ်အတွင်း ပဲခူးတိုင်း ဒေသကြီးရှိ ဖြူးမြို့နယ်သည် အမြင့်ဆုံး အပူချိန် စံချိန်သစ် တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ဧပြီလ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဖြူးမြို့နယ်၏ ၂၀၁၃ ခုနှစ်တွင် အမြင့်ဆုံး အပူချိန် စံချိန်ဟောင်းမှာ ၄၁.၃ ဒီဂရီ စင်တီဂရိတ် ရှိရာမှ ယနေ့ထုတ်ပြန်ခဲ့သည့် အမြင့်ဆုံး အပူချိန် စံချိန်သစ်မှာ ၄၁.၇ ဒီဂရီ စင်တီဂရိတ် အထိ ရှိလာခဲ့ကြောင်း သိရသည်။

ထို့ပြင် ထူးခြားသည့် နေ့အပူချိန်များမှာ ဘော်လခဲမြို့တွင် ၄၅ ဒီဂရီ စင်တီဂရိတ် ၊ မြင်းခြံမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့ နှင့် အောင်လံမြို့တို့တွင် ၄၄ ဒီဂရီ စင်တီဂရိတ် စီ ၊ ရမည်းသင်းမြို့နှင့် တောင်တွင်းကြီးမြို့တို့တွင် (၄၃) ဒီဂရီ စင်တီဂရိတ် စီတို့ ဖြစ်ပြီး ခရမ်းလွန်ရောင်ခြည် ကျရောက်မှု အမြင့်ဆုံး အညွှန်း ကိန်းများမှာ နေပြည်တော်တွင် ၇.၀ ၊ ရန်ကုန်မြို့တွင် ၉.၉ နှင့် မန္တလေးမြို့ တွင် ၇.၁ တို့ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်တွင် မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် ရှိသော မြို့နယ် ၈ ခုတွင် အပူချိန် စံချိန်များ ယခင် အမြင့်ဆုံး စံချိန်ဟောင်းထက် စံချိန်ကျိုး သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.