Connect with us

Environment, Disasters & Accidents

အင်အား အနည်းငယ်ရှိ မြေငလျင် မိုးညှင်းမြို့အနီး လှုပ်ရှား

မြေငလျင် ဗဟိုပြု လှုပ်ခတ်သည့် နေရာပြ မြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ-မိုးဇလ)

ရန်ကုန် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ပြည်တွင်း မိုးညှင်းမြို့၏ အနောက်တောင်ဘက် ၇၂ မိုင်ခန့်ကို ဗဟိုပြု၍ အင်အား ရစ်ချ်တာ စကေး ၄.၇ အဆင့်ရှိ ၊ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခု ယနေ့ဧပြီ ၂၂ ရက် မွန်းလွဲပိုင်း အချိန်တွင် လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

၎င်းငလျင်က မြန်မာစံတော်ချိန် ၁၄ နာရီ ၂၀ မိနစ် ၄၂ စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်မြောက်ဘက် ၁၄၂ မိုင်ခန့်ကွာဝေးသော မိုးညှင်းမြို့၏ အနောက် တောင်ဘက် ၇၂ မိုင်ခန့်ကို ဗဟိုပြု၍ လှုပ်ရှား သွားကြောင်း တိုင်းထွာ ရရှိခဲ့ခြင်း ဖြစ်သည်။ (Xinhua)