Connect with us

Environment, Disasters & Accidents

အမြန်လမ်း၌ နှစ်လအတွင်း ယာဉ်မတော်တဆမှု ၁၁ မှုဖြစ်ပွား

အမြန်လမ်းအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ)

အမြန်လမ်း၌ နှစ်လအတွင်း ယာဉ်မတော်တဆမှု ၁၁ မှုဖြစ်ပွား၊ သုံးဦးသေဆုံးပြီး ၄၆ ဦး ဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

၂ဝ၁၅ ခုနှစ်အတွင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ အမြန်လမ်းမကြီးပေါ်တွင် လိုက်ထရပ်နှင့် ဟိုက်ဂျက်ယာဉ်ငယ် များတိမ်းမှောက် မှု စုစုပေါင်း ၈၆ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၈ ဦး၊ ဒဏ်ရာရရှိသူ ၃၆၂ ဦးရှိခဲ့ ပြီး ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ နှစ်လအတွင်း ယာဉ်မတော်တဆမှု ၁၁ မှုဖြစ်ပွား ခဲ့ပြီး သေဆုံးသူ သုံးဦးရှိခဲ့ကာ ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နွေရာသီ ကျောင်းအားလပ်ရက်ကာလဖြစ်သည့်အားလျော်စွာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလိုက်ထရပ်ယာဉ်နှင့် ဟိုက်ဂျက်ယာဉ်များ အမြန်လမ်းမကြီးပေါ်သို့ တက်ရောက်မောင်းနှင်သည့်အခါ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် တိုးဂိတ်များ၌ ယာဉ်ကြံ့ခိုင်မှု၊ ခရီးသည် နှင့် ကုန်ပစ္စည်းတင်ဆောင်မှုများနှင့် ပတ်သက်၍ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဝင်များက ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများအား အသိပညာ ပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှပေးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့သည် ယာဉ်အန္တရာယ် ကင်းရှင်းပြီး လွယ်ကူချောမွေ့စွာသွားလာနိုင်ရေးအတွက် လမ်းမကြီး အဆင့် မြှင့်တင် မွမ်းမံခြင်း၊ တံတားများအား တိုးချဲ့ခြင်း၊ လမ်းပခုံးများ ပြုပြင်မွမ်းမံ ခြင်းများ ကို ဆောင်ရွက်လျက်ရှိသကဲ့သို့ ခရီးသွားပြည်သူများ ဘေးကင်း လုံခြုံစွာ သွားလာနိုင်ရေးအတွက် လှည့်ကင်းဆိုင်ကယ်များ၊ လှည့်ကင်း မော်တော်ယာဉ်၊ လူနာတင်ယာဉ်များဖြင့် နေ့/ညမပြတ် လုံခြုံရေးဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.