Connect with us

Environment, Disasters & Accidents

အဖျောက်-ရွှေပြည်သာ ၁၀ လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပိုက်လိုင်းကွဲ၍ ဓာတ်ငွေ့ယိုစိမ့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည့် ပိုက်လိုင်း ပြင်ဆင်ပြီး ဓာတ်ငွေ့ပုံမှန်ပို့လွှတ်

အဖျောက်-ရွှေပြည်သာ သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု နှင့် ပက်သတ်၍ စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အား တွေ့ရစဉ် (ဓာတ်ပုံ-စွမ်းအင်ဝန်ကြီးဌာန)

ရန်ကုန်၊မတ် ၁ ရက် (ဆင်ဟွာ)

အဖျောက်-ရွှေပြည်သာ ၁၀လက်မသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်းသည် ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာအနီး ဓညင်းကုန်းလမ်းဆုံမှ ကားလမ်းမိုင်တိုင် ၂ မိုင် ၄ဖာလုံခန့်အကွာ၌ ပိုက်လိုင်းကွဲ၍ ဓာတ်ငွေ့ယိုစိမ့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ သက်ဆိုင်ရာမြို့နယ်မီးသတ်တပ်ဖွဲ့များမှ ငြိမ်းသတ်နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

၎င်းဖြစ်စဉ်သည် ဖေဖော်ဝါရီ ၂၇ ရက် ၁ရး၃၅ နာရီတွင် ဖြစ်ပွါးခဲ့ပြီး၊ ၁၈း၂၀ နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ အဆိုပါဖြစ်စဉ်ကြောင့် CNG သုံး မော်တော်ယာဉ်ဆိုင်များသို့ သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးလျက်ရှိသော ရွှေပြည်သာ-၁ CNG ဆိုင် (၀၁၄) မှ ဓာတ်ငွေ့ဖြန့်ဖြူးမှု ခေတ္တရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွါးသည့်နေရာသို့ စွမ်းအင်ဝန်ကြီးဌာန ပိုက်လိုင်းပြုပြင်ရေးအဖွဲ့မှ သွားရောက်စစ်ဆေးခြင်း နှင့် ပိုက်လိုင်းအစားထိုးသွယ်တန်းခြင်း လုပ်ငန်းများအားဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ၁၂း၀၅ နာရီအချိန်တွင် ပိုက်လိုင်းပြင်ဆင်မှုလုပ်ငန်းများ ပြီးစီး၍ သဘာဝဓာတ်ငွေ့များအား ပုံမှန်ပို့လွှတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.