Connect with us

Environment, Disasters & Accidents

အယ်နီညိုပြီးဆုံး၊ လာနီညာ ဖြစ်နိုင်ခြေများ

ဘင်္ဂလားပင်လယ်အော်တွင် ရာသီဥတုဖြစ်စဉ် ခန့်မှန်းချက်ပြ မြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ-မိုးဇလ)

ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်၏ အယ်လ်နီညို ရာသီဥတုမှာ တရားဝင် ပြီးဆုံးခဲ့ပြီဖြစ်ပြီး အောက်တိုဘာလ မှ ဒီဇင်ဘာလ အတွင်း လာနီညာ ရာသီဥတု ဖြစ်ရန်လည်း ၇၅ ရာခိုင်နှုန်း အထိ သေချာမှု ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားခဲ့ကြောင်း သိရသည်။

ဦးထွန်းလွင်က “အယ်လ်နီညိုက ပူပြင်းခြောက်သွေ့တယ်၊ လာနီညာက အေးပြီးစွတ်စိုတယ်။ ပြီးခဲ့တဲ့ မေလအတွက် မိုးရွာသွန်းမှု ခန့်မှန်းချက်နဲ့ လာမယ့် ဇွန်လမှ အောက်တိုဘာလ အထိ မိုးရွာသွန်းမှုကို ကြည့်တဲ့အခါ မိုးရွာသွန်းမှုဟာ လျော့ရာမှ ပိုလာတာကို တွေ့ကြရပါလိမ့်မယ်’’ ဟုပြောသည်။
(၆-၇-၂၀၁၆) ရက်နေ့ မိုးလေဝသ ခန့်မှန်းချက်အရ လွန်ခဲ့သည့် (၃၆) နာရီအတွင်း ဖြစ်ပေါ်ခဲ့သော မိုးကြီးမှုနှင့် ရေဖုံးလွှမ်းမှု အခြေအနေအရ မူလအစက ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးကောင်းနေခဲ့ရာမှ နောက်ပိုင်းတွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် မိုးအား လျော့နည်းလာခဲ့ပြီး၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် မိုးအားကောင်းလာခဲ့ပါကြောင်း၊ ရေဖုံးလွှမ်းခံရမှု အလားအလာမြင့်မားသည့် ဒေသများအဖြစ် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်းပြည်နယ် တောင်ပိုင်းနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့ပြီး၊ နောက်ပိုင်းတွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် မိုးအားလျော့နည်းလာခြင်းနှင့်အတူ ရေဖုံးလွှမ်းမှု အလားအလာများလည်း လျော့နည်းကျဆင်းလာခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မိုးအားရော၊ ရေဖုံးလွှမ်းခံရမှုအားရော ဆက်လက် အားကောင်းနေဆဲ ဖြစ်ပြီး မကွေးတိုင်း အနောက်တောင်ပိုင်း၊ ပဲခူးတိုင်း အနောက်မြောက်ပိုင်းနှင့် ဧရာဝတီတိုင်း မြောက်ပိုင်းတို့တွင်လည်း ရေဖုံးလွှမ်းခံရနိုင်မှု အလားအလာများ အနည်းငယ် တိုးလာခဲ့ကြောင်းဆိုသည်။
ကပ္ပလီပင်လယ်ပြင်နှင်‌့ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်း‌နေကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.