Connect with us

Environment, Disasters & Accidents

အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှုတွင် ၁၅၅ ဦးအသက်ရှင်လျက်ကယ်တင်နိုင်၊ ရုပ်အလောင်း ၂၈ လောင်းဆယ်ယူရရှိ

ကနီ၊ ရေယာဉ်၊ အောင်စိုးမိုးကျော်

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့အနီး အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှုတွင် ၁၅.၁၀.၂၀၁၆ရက်နေ့မှ ၁၇.၁၀.၂၀၁၆ ရက်နေ့၊ နံနက်၁၁း၀၀ အချိန်အထိ ခရီးသည် ၁၅၅ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ၂၈ဦး၏ ရုပ်အလောင်းများအား ဆယ်ယူနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးအားဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

လက်ရှိကယ်ဆယ်ရေးလုပ်ငန်းများလိုက်ပါဆောင်ရွက်လျက်ရှိသည့် ကနီမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူဗိုလ်ကြီးထိန်လင်းက “ နစ်မြုပ်သွားတဲ့ မော်တော်ကတော့ တွေ့ပြီ။ ဒါပေမယ့်ဆယ်လို့မရသေးဘူး။ အဲ့ဒီ့ဘက်ကရေစီးလည်းသန်တယ်။ လက်ရှိမှာ ပျောက်ဆုံးနေသူ ၈၀ ဦးခန့်ရှိနိုင်တယ် ။ ရုပ်အလောင်းတွေကတော့ ဆက်ပြီးရှာဖွေတွေ့ရှိနေပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။

အဆိုပါရေယာဉ်နစ်မြုပ်မှုအား ဥပဒေနှင့် အညီအရေးယူသွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပြောကြားခဲ့ကြောင်း ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ဆင်ဟွာကို ပြောသည်။ ဦးထွန်းထွန်းဝင်းက “ရေယာဉ်နစ်မြုပ်ရတာက မတန်တဆဝိတ်တွေ တင်လို့ပါ။ ဒီကိစ္စ နဲ့ ပတ်သက်လို့ ကျွန်တော့်အနေနဲ့ ပို့ဆောင်ရေး ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေး ကော်မတီ ကိုလည်း တင်ပြသွားမယ်’’ ဟုပြောသည်။ လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများ မှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်’’ ဟုပြောသည်။

ယခုကဲ့သို့ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားခြင်းမရှိရန် လိုအပ်သည့် ပြင်ဆင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရှောင်တခင်စစ်ဆေးမှုများအားလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း တင်ပြသွားမည် ဟု ဦးထွန်းထွန်းဝင်းကဆိုသည်။ ချင်းတွင်းမြစ်ရိုးတလျှောက်တွင် ရေယာဉ်တိမ်းမှောက်မှု ၂နှစ်အတွင်းတွင် ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ၊ အကြောင်းအရင်းများမှာ ရေယာဉ်စည်းကမ်းလိုက်နာမှု အားနည်း၍ ဖြစ်ရခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.