Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေ မြင့်တက်နိုင်သည့်မြစ်ရေသတိပေးချက်ထုတ်ပြန်

ဧရာဝတီမြစ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

၂၀၁၈ခုနှစ် ဇူလိုင်လ ဒုတိယ(၁၀)ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေ မြင့်တက်နိုင်သည့် မြစ်ရေ သတိပေးချက်က မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

မြစ်ကြီး နားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၄-ပေမှ ၆-ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၂-ပေမှ ၄-ပေ ခန့် မြင့်တက်လာနိုင်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဇူလိုင်လ ဒုတိယ (၁၀)ရက်ပတ်အတွင်း ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့်ဖောင်းပြင်မြို့တို့တွင် ၄-ပေမှ ၆-ပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်း မြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၃-ပေမှ ၄-ပေခန့် မြင့်တက်လာနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.