Connect with us

Environment, Disasters & Accidents

မြဝတီ-ကော့ကရိတ်လမ်းတွင် တောင်မြေပြိုကျမှုကြောင့် အတက်နှင့် အဆင်း ယာဉ်များ ထိန်းပြီးဖြတ်သန်းခွင့်ပြု

မြ၀တီ-ကော့ကရိတ်လမ်းတွင် တောင်မြေပြိုကျမှုအား ရှင်းလင်း ဆောင်ရွက် စဉ် (ဆောက်လုပ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

မြဝတီ-ကော့ကရိတ်လမ်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်မြေပြိုကျမှုကြောင့် အတက်နှင့် အဆင်း ယာဉ်များ ထိန်းပြီးဖြတ်သန်းခွင့်ပြုထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ လမ်းတွင် ဖြတ်သန်းမည့် မော်တော်ယာဉ် များပြားသည့်အတွက်အသွားအပြန် ယာဉ်များကို

ထိန်းပြီး ဖြတ်သန်းစေခဲ့ပြီး မော်တော်ယာဉ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ရေး

အမြန်ဆုံး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၉ ရက်နေ့၌ နံနက် ၄နာရီခွဲတွင် တောင်မြေ စတင်ပြိုပြီး မော်တော်ယာဉ်များ ဖြတ်သန်း သွားလာ၍ ရသော်လည်းနံနက် ၈နာရီတွင် နောက်တစ်ကြိမ်တောင်မြေ ထပ်မံ ပြိုကျသဖြင့်ကားလမ်း ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်ပြိုမြေများ ရှင်းလင်းခြင်း လုပ်ငန်းအား ကရင်ပြည်နယ်၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ကြီးကြပ်မှုဖြင့်

ချက်ချင်းဆောင်ရွက်ခဲ့ပြီး နေ့လည် ၁၂နာရီတွင် မော်တော်ယာဉ်ငယ်များ ပြန်လည်ဖြတ်သန်းသွားနိုင်ကာ

ည (၁၉:၀၀)အချိန်တွင် ယာဉ်ကြီးများ ဖြတ်သန်းသွားလာရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.