Connect with us

Environment, Disasters & Accidents

ညောင်ဦးမြို့နယ်တွင် လူ ၃၀၀၀ကျော် ရေဘေးသင့်

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ညောင်ဦးမြို့နယ်ရှိ ကျေးရွာအတွင်း ရေကြီးမှုဖြစ်ပေါ်နေစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် လူဦးရေ ၃၀၀၀ကျော် ရေဘေးသင့်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ မြစ်လယ်ကျွန်းကျေးရွာများ၊ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်/ ကျေးရွာများ မှ ပြည်သူ ၃၀၀၀ကျော်သည် ရေလွတ်ရာသို့ ယာယီ ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြောင်းရွှေကြရာတွင် မြစ်လယ်ကျွန်းရွာဖြစ်သည့် တောင်ရွာနောင်တောင်ကျေးရွာမှ အိမ်ထောင်စု ၃၁စု၊ အိမ်ခြေ ၃၁အိမ်၊ လူဦးရေ ၁၂၄ဦး၊ တိရစ္ဆာန် ၁၀၂၅ ၊တောင်ရွာနောင်မြောက်ကျေးရွာမှ အိမ်ထောင်စု ၂၀စု၊ အိမ်ခြေ ၂၀အိမ်၊ လူဦးရေ ၈၅ ဦး၊ တိရစ္ဆာန် ၇၆၁၊ ကြအိုကျွန်းကျေးရွာမှ အိမ်ထောင်စု ၂၉၂၊ အိမ်ခြေ ၂၉၂အိမ်၊ လူဦးရေ ၁၂၆၇၊ တိရစ္ဆာန် ၆၆၁ ၊ အောက်ညဉ့် ကျေးရွာမှ အိမ်ထောင်စု ၃၄စု၊ အိမ်ခြေ ၂၈အိမ်၊ လူဦးရေ ၁၂၆၊ တိရစ္ဆာန် ၂၃၈၊ သူကောင်းတည်ကျွန်း ကျေးရွာမှ အိမ်ထောင်စု ၄အိမ်၊ အိမ်ခြေ ၄အိမ်၊ လူဦးရေ ၃၂ဦး၊ တိရစ္ဆာန် ၁၉တို့သည် ရေလွတ်ရာ ၎င်းတို့၏ ဆွေမျိုးများနေအိမ်သို့ လည်းကောင်း ယာယီပြောင်းရွှေ့ နေထိုင် လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ညောင်ဦးမြို့ပေါ်ရှိ အမှတ် (၁)ရပ်ကွက်၊ ရုံးညောင်ပင်ရပ်မှ အိမ်ထောင်စု ၂၄၊ အိမ်ခြေ ၂၃အိမ်၊ လူဦးရေ ၉၀ တို့သည် ဆုတောင်းပြည့်ဘုရားအတွင်းသို့လည်းကောင်း၊ သာယာဝတီ အလယ်ပိုင်းရပ်မှ အိမ်ထောင်စု ၁၇၊ အိမ်ခြေ ၁၇အိမ်၊ လူဦးရေ ၇၆တို့သည် သဘောၤဆိပ်ကာလမ်း နံဘေးတွင်လည်းကောင်း၊ အမှတ် (၄)ရပ်ကွက် မှန်ကြိုရပ်မှ အိမ်ထောင်စု ၇၃၊ အိမ်ခြေ ၇၃အိမ်၊ လူဦးရေ ၂၉၃၊ တိရစ္ဆာန် ၂၅ တို့သည် ဆယ်ဆင်မေဓမ္မာရုံတွင် လည်ကောင်း၊ ရေနံစုရပ်မှ အိမ်ထောင်စု ၃၇၊ အိမ်ခြေ ၃၇အိမ်၊ လူဦး ရေ ၁၅၅တို့သည် အင်္ဂါထောင့်ဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း၊ အမှတ်(၇)ရပ်ကွက် နဂါးကျစ် ရပ်တွင် အိမ်ထောင်စု ၆၈၊ အိမ်ခြေ ၆၈အိမ်၊ လူဦးရေ ၃၂၉တို့သည် မြသိန်းတန်၊ မြတောင်ဘုန်းတော် ကြီး ကျောင်းများနှင့် အရှေ့ရပ်ဓမ္မာရုံ၊ ၎င်းတို့၏ဆွေမျိုးများနေအိမ်များတွင် လည်းကောင်း၊ အမှတ် (၅)ရပ်ကွက် မှ အိမ်ထောင်စု ၅၂၊ အိမ်ခြေ ၅၂၊ လူဦးရေ ၅၂၊ တိရ စ္ဆာန် ၁၈၇တို့သည် ရေလွတ်ရာ၎င်းတို့၏ ဆွေမျိုး များနေအိမ်သို့လည်းကောင်း၊ ပုလင်းကျေးရွာမှ အိမ်ထောင်စု ၁၀၊ အိမ်ခြေ ၁၀အိမ်၊ လူဦးရေ ၄၈၊ တိရစ္ဆာန် ၆တို့သည် ရေလွတ်ရာ၎င်းတို့၏ ဆွေမျိုး များနေအိမ်သို့လည်းကောင်း၊ မီးလောင်ဖျားကျေးရွာမှ အိမ်ထောင်စု ၁၀၀၊ အိမ်ခြေ ၁ဝဝ၊ လူဦးရေ ၃၆၂၊ တိရစ္ဆာန် ၁၉၃တို့သည် ပြည်တော်သာ အရှေ့ဘက် ဆီးတောသို့လည်းကောင်း ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.