Connect with us

Environment, Disasters & Accidents

၁၂ ဘီး ကုန်တင်ယာဉ် နှင့် ဆိုင်ကယ် တိုက်မိ ၊ ဆိုင်ကယ် စီးနင်းသူ နှစ်ဦး သေဆုံး

၁၂ ဘီး ကုန်တင်ယာဉ် နှင့် ဆိုင်ကယ် တိုက်မိမှု ဖြစ်စဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmaalinn)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် လက်ဝါးကျေးရွာအတွင်း မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်၌ ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီး နှင့် ဆိုင်ကယ် တစ်စီး တို့သည် ဒီဇင်ဘာ ၁၆ ရက်တွင် တိုက်မိမှု ဖြစ်ပွားခဲ့ရာ ဆိုင်ကယ် စီးနင်းသူ နှစ်ဦးမှာ အခင်း ဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

မိုးကောင်းမြို့မှ တနိုင်းမြို့ဘက်သို့ မောင်းနှင်လာသော ၁၂ ဘီးကုန်တင်ယာဉ်သည် လဝါးကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးရှေ့ အရောက်တွင် ဆိုင်ကယ်သည် ကား၏ဝဲဘက် ဘေးမှကျော်တက်ပြီး လမ်းဖြတ်မောင်းနှင်ရာမှ ကုန်တင် ယာဉ်နှင့် တိုက်မိ ခဲ့သဖြင့် ဆိုင်ကယ်စီးနင်းသူနှစ်ဦးလုံး အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အား ကာမိုင်း နယ်မြေ ရဲစခန်းမှ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.