Connect with us

Environment, Disasters & Accidents

၂၀၃၀ တွင် သစ်တောပြုန်းတီးမှု သုည ရာခိုင်နှုန်းအထိ လျှော့ချမည်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာရဲမြင့်ဆွေ အဖွင့်အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအနေဖြင့် သစ်တောပြုန်းတီးခြင်းနှင့် သစ်တော အတန်းအစား ကျဆင်းခြင်းတို့မှ ကာဗွန် ထုတ်လုပ်မှု လျှော့ချရေး ဆိုင်ရာ အမျိုးသား အဆင့် လုပ်ငန်းစဉ် (Myanmar National REDD+ Programme) မူကြမ်းတွင် နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုများ ရရှိမည် ဆိုပါက ၂၀၃၀ ပြည့်နှစ်၊ သို့မဟုတ် ၎င်းထက် ပိုစောသည့် ကာလတွင် အသားတင် သစ်တောပြုန်းတီးမှုကို သုညရာခိုင်နှုန်းအထိ ဘေလျှာ့ချဖို့ ရည်ရွယ်ထားသည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ယနေ့ပြောကြားခဲ့သည်။

“မြန်မာ့သစ်တောတွေရဲ့ အနာဂတ်နဲ့ စပ်လျဉ်းတဲ့ မိမိတို့ရဲ့ မျှော်မှန်းချက်၊ မိမိတို့ရဲ့ အမြင်တွေကို မြန်မာနိုင်ငံ အမျိုးသားအဆင့် REDD + မဟာဗျူဟာက ထင်ဟပ် ကိုယ်စားပြုနေပါတယ်၊ ဒီလို အားလုံးက ခံစားဖို့၊ ခံယူထားဖို့ အလွန်အရေးကြီးပါတယ်၊ ဒါကြောင့် ဒီမဟာဗျူဟာ ပေါ်ပေါက်လာဖို့ သုံးနှစ်ဆက် အချိန်ယူ ရေးဆွဲခဲ့ပြီး အကျိုးဆက်စပ် သက်ဆိုင်သူ အုပ်စု တစ်ခုချင်းနဲ့ သီးခြားစီ တွေ့ဆုံ အကြံပြု ဆွေးနွေးပွဲတွေ အကြိမ် ငါးဆယ်လောက် ပြုလုပ်ခဲ့ပါတယ်”ဟုလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

မြန်မာ့သစ်တော စီမံအုပ်ချုပ်မှုအပေါ် ယုံကြည်မှု ကင်းမြဲ့ခင်း၊ဝေဖန်ပြောဆိုမှုများ ရှိနေခြင်း တို့ကို လက်ခံအသိအမှတ်ပြုကြရမှာ ဖြစ်ကြောင်း၊ ယခုကစပြီး သစ်တောများအား စုပေါင်း ထိန်းသိမ်း စောင့် ရှောက်ခြင်း၊ ရေရှည်တည်တံ့ရေး စီမံအုပ်ချုပ် လုပ်ကိုင်ကြမည်ဆိုပါက အယုံအကြည်ကင်းမဲ့မှု ဝေဖန်ပြောဆိုမှု သမိုင်းကြောင်းကို ပြောင်းပြန်လှန်ပြီး အပြန်အလှန် ယုံကြည်မှု ရှိသော သမိုင်း တစ်ခေတ်ကို ထူထောင်နိုင်မည် ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

UNDP Deputy Resident Rept. Ms. Dawn Del Rio အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

မြန်မာနိုင်ငံ အမျိုးသားအဆင့် REDD + မဟာဗျူဟာ အတည်ပြု အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေစဉ်။(ဆင်ဟွာ)

အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးစဉ်။(ဆင်ဟွာ)

ယနေ့နံနက် နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ အမျိုးသားအဆင့် REDD + မဟာဗျူဟာ မူကြမ်း အတည်ပြုခြင်း အလုပ်ရုံ ဆွေးနွေးပွဲ၌ ၎င်းက ပြောခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲသို့ မဟာဗျူဟာမူကြမ်း ရေးဆွဲရာတွင်ပါဝင်ဆောင်ရွက်ခဲ့သော အစိုးရဌာန အဖွဲ့ အစည်း များ၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ CSO များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ွှအစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်တွင် စတင်ရေးဆွဲခဲ့သည့် အဆိုပါ REDD (Reducing Emissions from Deforestation and forest Degradation) မဟာဗျူ ဟာတွင် သစ်တော ပြုန်းတီးမှုနှင့် သစ်တော အတန်းအစား ကျဆင်းမှုကို ဖြစ်စေသော အကြောင်းရင်းများ၊ မြေယာ လုပ်ပိုင်ခွင့်ဆိုင်ရာ ကိစ္စများ၊ သစ်တော စီမံ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စများ၊ ကျား မ ရေးရာ ထည့်သွင်းစဉ်းစားမှုများ၊ လူမှု ကာကွယ် စောင့် ရှောက်ရမှု ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ထည့်သွင်း လုပ်ဆောင်ရမည့် အချက်များ ပါရှိကာ ဌာနေ တိုင်း ရင်းသားများနှင့် ဒေသခံ ပြည်သူများ စသည့် အကျိုး သက်ဆိုင်သူများ ပါဝင်ဆောင်ရွက်မှု ရှိအောင် လုပ်ဆောင်သွားရန် တိုက်တွန်းထားသည်။

အကျိုး သက်ဆိုင်သူများ ပါဝင်ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး UNDP ဒုတိယ ဌာနေ ကိုယ်စားလှယ် Ms. Dawn Del Rio က “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ (EAOs)ပူးပေါင်း ပါဝင်မှု မရှိဘူးဆိုရင် မြန်မာနိုင်ငံအနေနဲ့ သစ်တောတွေကို ထိန်းသိမ်းနိုင်မှာ မဟုတ်ပါဘူး” ဟု ပြောခဲ့သည်။ ထို့အပြင် သစ်တောများ မပြုန်းတီးရန် ပြည်ထောင်စု အစိုးရအဖွဲ့၏ ထိန်းချုပ်ရာမှာဖြစ်စေ၊ EAOs များ ထိန်းချုပ်ရာမှာ ဖြစ်စေ အားလုံး တက်ကြွစွာ ပါဝင်ဖို့ အရေးကြီးောကာင်း၊ မြန်မာနိုင်ငံတွင် လူမှုရေးရာ၊ တိုင်းရင်းသားရေးရာများအရ မတူကွဲပြားမှုများ ရှိသောကြောင့် ထိုသို့ မတူကွဲပြားမှု များကို ညှိနှိုင်းပြီး ယခု မဟာဗျူဟာအား လက်တွေ့ ပူးပေါင်း ဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ပါ ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.