Connect with us

Environment, Disasters & Accidents

မြစ်ကြောင်းအတွင်းသွားလာသူများဂရုပြုသင့်ကြောင်း မိုးဇလထုတ်ပြန်

ဧရာဝတီမြစ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

မြစ်ကြောင်းတချို့ ၌လက်ရှိ ရေအမှတ်ထက် မြင့်တက်နိုင်ခြေရှိသည့်အတွက် မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများအနေဖြင့် ဂရုပြုသင့်ပါ ကြောင်းနှင့် မြစ်ရေနည်းစဉ် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်သူများအနေဖြင့်လည်း မြစ်ရေတိုးလာနိုင်မှုကို ဂရုပြုနေထိုင် သင့်ပါကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အကြံပြုချက် ထုတ်ပြန်သည်။

ဧရာဝတီမြစ်ရေသည် ၂၀၁၇ခုနှစ်၊ ဧပြီလ(၂)ရက်နေ့မှ (၆)ရက်နေ့အတွင်း ကသာမြို့၌် (၁၀)ပေခန့် မြင့်တက်ခဲ့ပြီး (၇.၄.၂၀၁၇)ရက်နေ့ (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ပေဝက်ခန့် ကျဆင်းခဲ့ပါသည်။ အဆိုပါ မြစ်ရေသည် သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့ ၊ ညောင်ဦးမြို့နှင့်ချောက်မြို့ကို့တွင် လွန်ခဲ့သော (၃.၄.၂၀၁၇) ရက်နေ့မှ (၇.၄.၂၀၁၇) ရက်နေ့အတွင်း (၃)ပေခွဲမှ (၈)ပေခန့်၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့ နှင့်ပြည်မြို့တို့တွင်(၆.၄.၂၀၁၇) ရက်နေ့မှ (၇.၄.၂၀၁၇) ရက်နေ့အတွင်း ပေဝက်မှ (၁)ပေခွဲခန့်မြင့်တက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော မြစ်ရေများသည် နောက်(၁)ရက်အတွင်း သပိတ်ကျင်းမြို့တွင် ပေဝက်ခန့် နောက်(၁)ရက်မှ (၄)ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် (၁)ပေခွဲမှ (၂)ပေခန့်၊ နောက်(၁)ရက်မှ (၆)ရက်အတွင်း ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၂)ပေခွဲမှ (၃)ပေခွဲခန့် လက်ရှိရေအမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း မိုးဇလ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.