Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် နိုဝင်ဘာလ ၁၂ ရက်နေ့၌ Express (၃)စီးယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့

ယာဉ်မတော်တဆမှုတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအား မြင်တွေ့ရစဉ် (ဓာတ်ပုံ--M.O.I)

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် နိုဝင်ဘာလ ၁၂ ရက်နေ့ တစ်ရက်တည်းတွင် ခရီးသည် တင်ယာဉ် Express (၃)စီးယာဉ်မတော်တဆမှု ဖြစ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာလ ၁၂ ရက် နံနက် ၁ နာရီက ဇီးပင်သာ အမြန်လမ်း ရဲစခန်းအပိုင် မိုင်တိုင် အမှတ် ၁၄၉/၂ နှင့် ၁၄၉/၃ အကြား မကွေးမှ ရန်ကုန်သို့ ယာဉ်မောင်း အောင်မြင့် မောင်းနှင် လာသော မိုးသောက်ရောင်နီ Express ခရီးတင်မော်တော် ယာဉ်မှာ မိုးရွာသွန်းစဉ် စလစ်ဖြစ်ပြီး လမ်းယာဘက် ရှိ ရေမြောင်းထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မူကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား (၃၆)ဦး အမျိုးသမီး (၁၇)ဦး ပေါင်း (၅၃)ဦး အနက် အမျိုးသား (၄)ဦး ၊ အမျိုးသမီး (၂)ဦး ပေါင်း(၆)ဦး သေဆုံးပြီး အမျိုးသား (၁၅)ဦး ၊ အမျိုးသမီး (၂)ဦး ပေါင်း (၁၇)ဦး ဒဏ်ရာ ရရှိခဲ့သည်။သေဆုံးခဲ့သူခြောက်ဦး၌ မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ကြီးဦးနေမျိုးကျော်၏မိခင် ပါဝင်ခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

နိုဝင်ဘာလ ၁၂ရက်နေ့ ၊ နံနက် ၀ နာရီ ၁၅ မိနစ်တွင် ပေပင်လေး အမြန်လမ်း ရဲစခန်းအပိုင်၊ မိုင်တိုင်အမှတ် ၂၅၄/၃နှင့် ၂၅၄/၄ အကြား ရန်ကုန်မှ မန္တလေး ဘက်သို့ ယာဉ်မောင်း သက်နိုင်ဆွေ မောင်းနှင်းလာသော ရဲသူအောင် Express ခရီးသည်တင် ယာဉ်မှာ ရှေ့မှယာဉ်မောင်း လှသိန်း မောင်းနှင် သည့် STAREX မော်တော်ယာဉ်အား အနောက်မှ ဝင်တိုက်ခဲ့ကြောင်း၊ ရဲသူအောင် Express ခရီးသည်တင် ယာဉ်မှ ယာဉ်မောင်းပါ (၄၉)ဦးမှာ ထိခိုက် ဒဏ်ရာရရှိမူ မရှိသော်လည်း STAREX ယာဉ်ပေါ်မှ ယာဉ်မောင်းပါ (၆)ဦး အနက် အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသား နှစ်ဦး၊ အမျိုးသမီးနှစ်ဦး ပေါင်းလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၏ ပလွေးအမြန်လမ်း ရဲစခန်းအပိုင် မိုင်တိုင် အမှတ် ၁၉၃/၇နှင့် ၁၉၄/၀ အကြား၌ ရန်ကုန်ဘက်မှ နေပြည်တော် ဘက်သို့ ယာဉ်မောင်း ဝင်းဗိုလ် မောင်းနှင် လာသော မြရွှေစင် Express ဘုရားဖူးယာဉ်မှာ နံနက် ၃ နာရီခွဲခန့်က ယာဉ် နောက်ခန်းရှိ အင်ဂျင်ခန်းမှာ အပူရှိန် မြင့်တက်ပြီး ဝါယာ ရှော့ဖြစ်ကာ မီး စလောင်ကျွမ်းခဲ့ကြောင်း၊ မော်တော်ယာဉ် မီးလောင်မူကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား (၁၅)ဦး ၊အမျိုးသမီး (၂၆)ဦး ပေါင်း (၄၁)ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိမူ မရှိသော် လည်း မြရွှေစင် Express ယာဉ်မှာ တစ်စီးလုံး မီးလောင်ကျွမ်း ခဲ့သောကြောင့် ခန့်မှန်း တန်ဖိုးကျပ်သိန်း (၅၀၀)ဖိုးခန့် ပျက်စီးသွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)