Connect with us

Environment, Disasters & Accidents

အမြန်လမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး တံတား‌ဘေးချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ပြီး ၁ ဦးသေ ၊ ၃ဦးဒဏ်ရာရ

အမြန်လမ်းမကြီး၌ ခရီးသည်ယာဉ် တိမ်းမှောက်မှုအား တွေ့ရစဉ်(ဓါတ်ပုံ - မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့(ဇူလိုင် ၁၀ ရက်) နံနက်ပိုင်းတွင် ခရီးသည်တင်ယာဉ်(၁)စီး တံတား‌ဘေးချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ပြီး ၁ ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။“မိုင်တိုင် ၄၅မိုင်မှာ ရွှေလရောင် ခရီးသည်တင်ယာဉ်က တံတားဘေး ချောက်ထဲကျတာ ကျား ၁ ယောက် သေပါတယ်။ နောက် ကျား၂ယောက် နဲ့ မ တစ်ယောက် ဒဏ်ရာရပါတယ်။ သူတို့က မစိုးရိမ်ရပါဘူး။ ကားကိုတော့ တံတားပေါ် ပြန်တင်နေပါပြီ” ဟု အမြန်လမ်းရဲတပ်ဖွဲ့မှတာဝန်မှူးက ပြောသည်။

အဆိုပါ အမြန်လမ်းမကြီး၌ ခရီးသည်တင်ယာဉ်(၁)စီး တံတား‌ဘေးချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားပြီး လူညပ်နေသဖြင့် ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်း ၊ ဘောနီအမြန်လမ်းမီးသတ်စခန်း၊ ဘုရားကြီးနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဘုရားကြီးအရန်မီးသတ်စခန်းတို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်း ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၇)ဦး၊ မ(၄)ဦး စုစုပေါင်း(၁၁)ဦးအနက် ကျား(၂)ဦးနှင့် မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး၊ ကျား(၁)ဦး(သေဆုံး)တို့အား အမြန်လမ်းမကြီးအရေးပေါ်လူနာတင်ယာဉ်နှင့် ဘုရားကြီးအရန်လူနာတင်ယာဉ်တို့ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.