Connect with us

Environment, Disasters & Accidents

ပတ်ဝန်းကျင်လေထုအရည်အသွေး အားတိုင်းတာရာတွင် ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ရုံးအနီးတွင် ကျန်းမာရေးကို ထိခိုက်စေနိုင်သော အဆင့် တွင်ရှိကြောင်း ထုတ်ပြန်

၂၀၁၈ ခုနှစ် တွင် ရိုက်ကူးထားသော ရန်ကုန်မြို့ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ် ဇွန်လအတွင်း နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မြစ်ကြီးနားမြို့ ဘားအံမြို့၊ မကွေးမြို့၊ မော်လမြိုင်မြို့နှင့် စစ်တွေမြို့တို့တွင် တိုင်းတာရရှိသည့် ပတ်ဝန်းကျင်လေထုအရည်အသွေးရလဒ်များအား Air Quality Index (AQI) ဖြင့်တွက်ချက်ထားမှုအရ ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ရုံးအနီးတွင် ကျန်းမာရေးကို ထိခိုက်စေနိုင်သော unhealthy အဆင့်၊ ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်တောင်ခြေအနီးဝန်းကျင်နှင့် မကွေး ခရိုင်ရုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အနီးဝန်းကျင်တွက် ခံနိုင်ရည်နည်းပါးသူများအတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်သောအဆင့် ရှိပြီး ကျန်နေရာများတွင် ပုံမှန်ကောင်းမွန်သော အဆင့်တွင်ရှိကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ ယနေ့ ဇူလိုင် ၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌဒေါက်တာသိန်းအောင်က “ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးပြောကြတာဆိုရင် အနာဂတ် မှာ ပတ်ဝန်းကျင်ကောင်းမွန်ဖို့လိုတယ်။ ပတ်ဝန်းကျင်ဆိုတဲ့စကားထဲမှာ လေထု၊ မြေထု၊ ရေထုပါတယ်။ နောက်အာရုံ ၅ ပါးနဲ့ ပတ်သက်တာတွေပါတယ်။ အခုရာသီဥတုပြောင်းလဲတဲ့ဖြစ်ရပ်တွေပေ့ါ။ ဆိုးကျိုးတွေက မုန်တိုင်းတွေ၊ မိုးကြိုးတွေ၊ မိုးရေကြီးမှုတွေ၊ ရေကြီးရေလျှံမှုတွေဖြစ်လာတယ်။ ဒါကြောင့် အနာဂတ် မှာ ပတ်ဝန်းကျင်က healthy ဖြစ်ရမယ်။ အောက်ဆီဂျင်ပြည့်ဝတဲ့ လေထုဖြစ်ရင်တော့ ပိုကောင်းတာပေ့ါ။ အဲဒီလိုဖြစ်မယ့် ပတ်ဝန်းကျင်ဆိုရင် သက်ရှိအားလုံးအတွက် ဘဝချမ်းသာမှုရရှိမှာ ဖြစ်ပါတယ်’’ ဟု ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၅ ရက်တွင် ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ပတ်ဝန်းကျင်လေထုအရည်အသွေးအခြေအနေအား လေ့လာဆန်းစစ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အနေဖြင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ပတ်ဝန်းကျင်အရည်အသွေးအား အဓိက Parameter များကို ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ် ဇွန်လတွင် မိုးရွာသွန်းမှုကြောင့်လေထုအတွင်း အမှုန်အမွှား ပါဝင်မှုပမာဏလျော့့ကျပြီး ပတ်ဝန်းကျင်လေထုအရည်အသွေးအခြေအနေသည်ကောင်းမွန်သည့် အနေအထားတွင် ရှိနေခြင်းဖြစ်နိုင်ပြီး မိုးရွာသွန်းမှုနည်းပါးပြီး ဖုန်မှုန့်ထွက်ရှိမှုများသော မေလမတိုင်မီ နွေရာသီကာလတွင် လေထုအတွင်း အမှုန်အမွှားပါဝင်မှုပမာဏ များပြား၍ ပတ်ဝန်းကျင်လေထုအရည်အသွေးအခြေအနေသည် သတ်မှတ်စံချိန်စံညွှန်းများထက် ကျော်လွန်နိုင်ကြောင်း၊ လေထုအပူချိန်၊ လေတိုက်နှုန်းနှင့် လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှု အခြေအနေနှင့် မော်တော်ယာဉ် အသုံးပြုမှုအခြေအနေ၊ စက်ရုံများမှ အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ပတ် ဝန်းကျင်လေထုအရည်အသွေးတိုင်းတာသည့် နေရာအနီးဝန်းကျင်အခြေအနေတို့အပေါ်တွင် မူတည်၍ တိုင်းတာရရှိသည့် ပတ်ဝန်းကျင်လေထုအရည်အသွေး ရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Environment, Disasters and Accidents
#လေထုအရည်အသွေး #ဒေါက်တာသိန်းအောင် #ဆင်ဟွာ

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.