Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှု များကြောင့် ရေကြီးမှုဖြစ်ပွား

ပဲခူး၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး၌ ဇူလိုင် ၂၃ ရက်မှစတင်၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်လာမှုများကြောင့် ပဲခူးမြို့နယ် ၊ ရွှေကျင်မြို့နယ် ၊ ညောင်လေးပင်မြို့နယ် ၊ ကျောက်ကြီးမြို့နယ် ၊ ကျောက်တံခါးမြို့နယ်များရှိ လူနေရပ်ကွက်များ ၊ ကျေးရွာအုပ်စုများအတွင်းသို့ ရေများဝင်ရောက်လာပြီး ရန်ကုန်-မန္တလေးကားလမ်းဟောင်း ရေကျော်ခြင်း ၊ စာသင်ကျောင်းများပိတ်ထားရခြင်း ၊ လူနေအိမ်များ ရေလွှမ်းခြင်း/ရေနစ်မြုပ်ခြင်း ၊ စိုက်ပျိုးထားသောသီးနှံများ ရေနစ်မြုပ်ခြင်းတို့ ဖြစ်ပွားကြောင်း သိရသည်။ (Xinhua)