Connect with us

Environment, Disasters & Accidents

ပျက်ကျ Y-8 လေယာဉ်၏ အစိတ်အပိုင်းတစ်ချို့အား ယခင် အမြီးပိုင်း ရှာဖွေ တွေ့ရှိခဲ့သည့် နေရာအနီး၌ ထပ်မံ ရှာဖွေ တွေ့ရှိ

ပျက်ကျ Y-8 လေယာဉ်မှ ဆယ်ယူရရှိသည့် လေယာဉ် အစိတ်အပိုင်း တစ်ချို့ အား တွေ့ ရစဉ်(ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန် ၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ)

ပျက်ကျ Y-8 လေယာဉ်၏ အစိတ်အပိုင်းတစ်ချို့အား ယခင် အမြီးပိုင်း ရှာဖွေ တွေ့ရှိ ခဲ့သည့် နေရာအနီး၌ ထပ်မံ ရှာဖွေ တွေ့ရှိ ဆယ်ယူ နိုင်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။

ပျက်ကျY-8 လေယာဉ်၏ ကျန်ရှိသေးသည့် လေယာဉ်အစိတ်အပိုင်းများအား ထပ်မံရှာဖွေတွေ့ရှိစေရေး အတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် ဒေသခံငါးဖမ်းစက်လှေများ ပူးပေါင်းပြီး ရေအောက် ရှာဖွေရေးကိရိယာ ဆိုနာ စနစ်ဖြင့် ရှာဖွေရရှိသည့်ပုံရိပ်များ အပေါ်မူတည်၍ ကျွမ်းကျင်ရေငုပ်စစ်သည်များ၊ ဒေသခံ ရေငုပ် ကျွမ်းကျင်သူများဖြင့် ရှာဖွေခြင်း၊ ငါးဖမ်းပိုက်များဖြင့် တရွတ်ဆွဲရှာဖွေခြင်းများ ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။ထိုသို့ ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိစဉ် ဇူလိုင် ၂၉ ရက်တွင် ဒေသခံငါးဖမ်းစက်လှေ ၂ စီးက လေယာဉ်၏ အစိတ်အပိုင်းတစ်ချို့အား ယခင် အမြီးပိုင်းရှာဖွေတွေ့ရှိခဲ့သည့်နေရာအနီး၌ ထပ်မံရှာဖွေတွေ့ရှိ ဆယ်ယူ ရရှိခဲ့ကြောင်း သိရသည်။(Xinhua)