Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ် ဂွမြို့နယ်၌ ယခုရက်ပိုင်းအတွင်း အလောင်း ၉ လောင်းမျောပါလာကြောင်းသိရ

ဂွချောင်းတံတားတည်ဆောက်ရေးစီမံကိန်းအားတွေ့ရစဉ် (ဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ပီချောင်းတံတားတည်ဆောက်နေသည့် နေရာအနီး၌ ယခုရက်ပိုင်းအတွင်း အလောင်း ၉ လောင်းမျောပါလာခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း က ဆင်ဟွာသို့ ယနေ့ မေ ၂၆ ရက်တွင် အတည်ပြုပြောကြားသည်။

“ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်း အလောင်း ၉ လောင်းမျောလာတာဆယ်ယူရရှိပါတယ်။ ဖြစ်တာကတော့ ဧရာဝတီတိုင်းဘက်မှာလို့ပြောတယ်။ ပီချောင်းတံတားထိုးနေတဲ့ နေရာဖြစ်တဲ့ ကျွန်တော်တို့ ရခိုင်ပြည်နယ်ဘက်ကို အလောင်းတွေ မျောလာတယ်။ မျောလာတော့ ကျွန်တော်တို့တွေ့တာကို ဆေးရုံပို့ပြီး စစ်ဆေးတယ်။ ဆိုတော့ ၉ လောင်း ရတယ်။ ရွှေသောင်ယံဘက်မှာ စက်လှေနစ်တယ်လို့လည်း ကြားတယ်။ အဲဒါက ကျွန်တော်တို့ ဘက်မှာ မဟုတ်တော့ မသိဘူး။’’ ဟု ဦးလှသိန်းကပြောသည်။

အဆိုပါ အလောင်းတွေများအား ကျား/မ ပြန်ခွဲ၍ သေဆုံးရခြင်းကိုစစ်ကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

“အလောင်းတွေ့ရင် လုပ်ထုံးလုပ်နည်းတွေရှိတယ်ပေါ့ဗျာ။ အလောင်းတွေက ဘာလူမျိုးလဲဆိုတာကိုတော့ ခွဲခွဲခြားခြားမသိသေးဘူး။အလောင်း ၉ လောင်း ရခိုင်ပြည်နယ်ဘက်ကို ရောက်တယ်။ ကျွန်တော်တို့ အနေနဲ့ စာရွက် အထောက်အထားယူထားရတယ်။ အလောင်းကိုစစ်ဆေးတဲ့အခါ ဆရာဝန်ကစစ်ဆေးပြီး ရဲလုပ်ထုံးလုပ်နည်းအတိုင်းဆက်လုပ်သွားမှာပါ။’’ ဟု ၎င်းကဆက်ပြောသည်။

ယင်းအလောင်းများတွေ့ရှိသည့် ပီချောင်းတံတားတည်ဆောက်မှုနေရာသည် ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ဂွ-ကျောက်ချွန် လမ်းပေါ်၌ တည်ရှိကြောင်း သိရသည်။ (Xinhua)