Connect with us

Culture & Entertainment

ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သောပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများ၏ နံရံဆေးရေးပန်းချီများကို ရှေးမူမပျက်ပြန်လည်ပြုပြင်မည်

ပုဂံမြို့ရှိ စေတီပုထိုးများကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သောပုဂံမြို့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းစေတီပုထိုးများ၏ နံရံဆေးရေးပန်းချီများကို ရှေးမူမပျက်ပြန်လည်ပြုပြင်မည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးအာကာကျော်က ဆင်ဟွာသို့ ယနေ့ ဧပြီ ၇ ရက်တွင်ပြောသည်။

ပုဂံမြို့ရှိ စေတီပုထိုးများကို တွေ့ရစဉ် (ဆင်ဟွာ)

ပုဂံမြို့ရှိ စေတီပုထိုးများကို တွေ့ရစဉ် (ဆင်ဟွာ)

ပုဂံမြို့ရှိ စေတီပုထိုးများကို တွေ့ရစဉ် (ဆင်ဟွာ)

ဦးအာကာကျော်က “ပုဂံကစေတီပုထိုးတွေရဲ့ နံရံဆေးရေးပန်းချီတွေအားလုံးကို ကျွန်တော်တို့ဝန်ကြီးဌာန အနေနဲ့ ရှေးမူမပျက် ပြန်လည်ထိန်းသိမ်းနေပါတယ်။ ဒီလိုပြန်လည်ထိန်းသိမ်းခြင်းအားဖြင့် ရှေးဟောင်းအနုပညာလက်ရာ တွေကို နောင်လာနောက်သားတွေက ကြည့်ရှုပြီး ဂုဏ်ယူနိုင်မှာဖြစ်ပါတယ်’’ ဟုပြောသည်။
ပုဂံမြို့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဘုရင်များ၏ စေတီပုထိုးများ၊ ဘုရားများတွင် ရာစုနှစ်တစ်ခုရှိပြီဖြစ်သော နံရံဆေးရေးပန်းချီများကို တွေ့မြင်နိုင်ကြောင်း ၎င်းကဆိုသည်။
“နံရံဆေးရေးပန်းချီတွေကို ရှေးမူမပျက်ပြန်လည်ထိန်းသိမ်းဖို့အတွက် ပြည်ပနိုင်ငံတစ်ချို့က ပညာရှင်တွေက နည်းပညာအကူအညီတွေ ကိုရရှိပါတယ်။ နည်းပညာအကူအညီပေးတဲ့နိုင်ငံတွေကတော့တရုတ်၊ အီတလီ၊ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတို့ဖြစ်ပါတယ်’’ ဟု ဦးအာကာကျော်ကပြောသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် နံရံဆေးရေးပန်းချီများအပါအဝင် ပုဂံမြို့ရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ၎င်းကဆိုသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်နေရာတည်းမှာပင် နှစ်ပေါင်း ၁၀၀၀ ကျော်ခန့်က ရှေးဟောင်းစေတီ၊ပုထိုးပေါင်း ၃၀၀၀ ကျော် ရှိပြီး နိုင်ငံခြားသားအများအပြား လာရောက်သော ခရီးသွားဒေသတစ်ခုဖြစ်သည်။
ပုဂံယဉ်ကျေးမှုနယ်မြေကို ၂၀၁၉ ခုနှစ်တွင် ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။ (Xinhua)