Connect with us

Politics, Law & Military

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ပွိုင့် ၂၂ ကျည် ၁၅၀၀ တောင့် အား ဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ပွိုင့် ၂၂ ကျည် ၁၅၀၀ တောင့် အား ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၂၇ ရက် ၁၅း၃၀ နာရီ ကယားပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လွိုင်ကော်မြို့၊ အဝေးပြေးကား ဂိတ်၌ မကေသီမြ(၃၃)နှစ်မှ မန္တလေးသို့ ကားပစ္စည်းများပို့လိုကြောင်း ပြော၍ လိပ်စာမပါသော ဆာလာအိတ် ၁ လုံးအား အပ်နှံကြောင်း အကြောင်းကြားချက်အရ သွားရောက်စစ်ဆေးရာ ၎င်းအိတ်အတွင်း မော်တော်ယာဉ် ကလပ်ဘရိတ်အဟောင်း ၁ ခု၊ ပဲနို့ အချိုရည်ဗူးခွံ၊ ပလပ်စတစ်ဗူးတို့ဖြင့် ထည့်ထားသော ပွိုင့် ၂၂ ကျည် ၁၅၀၀ တောင့်၊ ပဲနို့ အချိုရည်ပါ ဗူးငယ် ၅ ဗူး၊ ဖောက်စက်ဟောင်း ၁ ခု တို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ နေအောင်(၃၄)နှစ်၏နေအိမ်အား ဆက်လက် ဝင်ရောက်ရှာဖွေရာ နေအောင်(၃၄)နှစ် အား နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး နေအိမ်တွင်ရပ်ထားသော မော်တော်ယာဉ်ရှေ့ခန်းထိုင်ခုံကြားမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၁၁ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂.၇၇၅ သိန်း)အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မကေသီမြ(၃၃)နှစ်နှင့် နေအောင် (၃၄)နှစ်တို့အား လွိုင်ကော်မြို့မရဲစခန်းမယ(ပ)၄၆/၂၀၁၉၊ မူးစိတ်ပုဒ်မ ၁၉(က)ဖြင့် လည်းကောင်း အမှုဖွင့်စစ်ဆေးလျက်ရှိပါကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.