Connect with us

Politics, Law & Military

တနသာၤရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် တူမီးသေနတ် ၂ လက် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် တူမီးသေနတ် ၂ လက် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ သြဂုတ် ၃၀ ရက်နေ့ ၁၂း၄၀နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၃၄)ကော့သောင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာ၊ ဗိုလ်ချုပ်လမ်းနေ ကျော်နိုင်ထွေး၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၁၃း၃၀နာရီ အချိန် ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာ၊ ဗိုလ်ချုပ်လမ်းနေ နေလင်းဖြိုး(ခ)ငပျော့၏နေအိမ်ကို ရှာဖွေရာ နေအိမ်အနောက် နံရံနှင့်ကပ်လျက်ရှိ ပလတ်စတစ်ပုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ပြားနှင့် အိပ်ရာခြေရင်းမှ တူမီးသေနတ် ၂ လက် တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ကျော်နိုင်ထွေး(၃၅)နှစ်နှင့် နေလင်းဖြိုး (ခ)ငပျော့(၂၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.