Connect with us

Politics, Law & Military

တိုင်းရင်းသား ညီလာခံ လော်ခီးလာ၌ ဇွန်လဆန်းတွင် ကျင်းပမည်

ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေးစင်တာတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) တို့ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ အားလုံးပါဝင်သည့် ထိပ်သီး ညီလာခံကို ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ် နယ်မြေ လော်ခီးလာ၌ ဇွန်လ ၂ ရက်နေ့မှ ၆ ရက်နေ့ထိ ငါးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) အဖွဲ့ဝင်တစ်ဦးက ယနေ့ ပြောကြားသည်။

အဆိုပါ ထိပ်သီးညီလာခံ၌ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို အဓိက ဆွေးနွေးမည့်အပြင် တပ်မတော်နှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA)၊ တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အရေးများကိုလည်း ထည့်သွင်း ဆွေးနွေးမည်ဖြစ်သည်။

လက်နက်ကိုင် ခေါင်းဆောင်များ ထိပ်သီး ညီလာခံသို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားနှင့် တရုတ်နိုင်ငံမှ အရှေ့တောင် အာရှ ဆိုင်ရာ သံတမန် မစ္စတာ ဝမ်ယင်ဖန်းတို့ကို ဖိတ်ကြားထားပြီး ယင်း ထိပ်သီးညီလာခံ ကျင်းပနိုင်ရေးအတွက် အစိုးရထံ အကြောင်းကြားစာ ပို့ထားကြောင်း NCCT ထံမှ သိရသည်။

လော်ခီးလာ၌ ယခုကျင်းပမည့် တိုင်းရင်းသား ထိပ်သီး ညီလာခံသည် ၅ ကြိမ်မြောက် ညီလာခံ ဖြစ်လာမည်ဖြစ်ပြီး ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ် နယ်မြေတွင် ၂ ကြိမ်၊ လော်ခီးလာတွင် ၁ ကြိမ် နှင့် ယခုနှစ် မေလ ၁ ရက်နေ့တွင် ဝပြည်သွေးစည်ညီညွှတ်ရေးပါတီ (UWSP) ထိန်းချုပ်နယ်မြေတွင် ၁ ကြိမ် ကျင်းပခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.