Connect with us

Politics, Law & Military

တောင်ကြီးခရိုင်အတွင်း မြေဧရိယာ ၁၉၆၉ ဧကအား သက်ဆိုင်ရာ မူလပိုင်ရှင်တောင်သူများထံ ပြန်လည်လွှဲပြောင်း

ပြန်လည်စွန့်လွှတ်အပ်နှံသော မြေဧကများအား သက်ဆိုင်ရာ မူလပိုင်ရှင်တောင်သူများ ထံ ပြန်လည်လွှဲ ပြောင်းပေး အပ်ပွဲ အခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်ကြီးခရိုင်အတွင်း ပြန်လည်စွန့်လွှတ်အပ်နှံသော မြေဧရိယာ ၁၉၆၉ ဧကအား သက်ဆိုင်ရာ မူလပိုင်ရှင်တောင်သူများ ထံ ပြန်လည်လွှဲ ပြောင်းပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ပြန်လည်စွန့်လွှတ်အပ်နှံသော မြေဧကများအား သက်ဆိုင်ရာ မူလပိုင်ရှင်တောင်သူများ ထံ ပြန်လည်လွှဲ ပြောင်းပေး အပ်ပွဲ အခမ်းအနား သို့ ဒုတိယသမ္မတ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ တောင်ကြီး ခရိုင်အတွင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ် သည့် မြေဧရိယာ ၁၉၆၉ ဧကအနက် မြေဧရိယာ ၆၂၂ဒသမ ၄၈ဧကကို မူလပိုင်ရှင်တောင်သူဦးရေ ၃၅၆ ဦးသို့ ပြန်လည်လွှဲပြောင်းပေးအပ်မည် ဖြစ်ပြီး မြေဧရိယာ ၁၃၄၇ ဧကကို ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ ပြန်လည် လွှဲပြောင်းပေး အပ်မည် ဖြစ်ကြောင်း လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟို ကော်မတီ ဖွဲ့စည်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်မြေ ဧကစုစုပေါင်း ၂၉၉၁၈ဒသမ၆၁ဧကရှိသည့်အနက် ဌာနအချင်း ချင်း လွှဲပြောင်းရန် စွန့်လွှတ်သည့် မြေဧရိယာ ၁၂၇၉၁ဒသမ၁၅ ဧကကို နုတ်ပယ် လိုက်ပါက တောင်သူများ အသုံးပြုနိုင်မည့် မြေဧရိယာစုစုပေါင်း ၁၇၁၂၇ဒသမ၄၆ ဧကကို ပြန်လည်စွန့်လွှတ်ပေးနိုင်ခဲ့သည်ကို တွေ့ရပါကြောင်း ၎င်းက ဆိုသည်။

တရားဝင်ပိုင်ဆိုင်မှုနှင့် ပြန်လည်လုပ်ပိုင်ခွင့်ရရှိကြသည့် တောင်သူများ အနေဖြင့် မိမိတို့ဒေသခံများအကြိုက် ဆန်စပါးမျိုး စိုက်ပျိုးခြင်းအပြင် ပြည်ပပို့ကုန် အဖြစ် တင်ပို့နိုင်ရန်အတွက် အရည်အသွေးမြင့် ဆန်စပါးမျိုးကို ရွေးချယ်စိုက်ပျိုး နိုင်ကြ စေရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ မိမိဒေသထွက်ကုန်များကို ဈေးကွက်သို့ တင်ပို့ရာတွင် အရည်အသွေးမြင့်ရန်လိုအပ်သကဲ့သို့ ကမ္ဘာ့စားသုံးသူများ အကြိုက် အော်ဂဲနစ်စိုက်ပျိုးရေး ထွက်ကုန်များ ဖြစ်ရန်လည်း လိုအပ်ကြောင်း ဒုတိယ သမ္မတက ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.