Connect with us

Politics, Law & Military

ဒီမိုကရေစီ ပြောင်းလဲ ကျင့်သုံးရာတွင် လွှတ်တော် မဏ္ဍိုင်ကြီး အားကောင်းရန် လိုအပ်ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း ပြောကြား


နေပြည်တော် ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ ကျင့်သုံးရာတွင် မဏ္ဍိုင်ကြီး ဖြစ်သည့် လွှတ်တော်သည် အားကောင်းရမည် ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ၏ အရည်အသွေး မြင့်မားနေအောင် ဆောင်ရွက်ရန် လိုကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ယနေ့နေပြည်တော်၌ ပြုလုပ်သော လွှတ်တော်များ အရည်အသွေး မြှင့်တင်ရေး ဆိုင်ရာ အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

လွှတ်တော်များ အရည်အသွေး မြှင့်တင်ရေး ဆိုင်ရာ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၊ လွှတ်တော်များ ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ပူးပေါင်းအဖွဲ့(JCC) ဥက္ကဌ ဦးလှမြင့်ဦး၊ လွှတ်တော်များ ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ပူးပေါင်းအဖွဲ့(JCC) အတွင်းရေးမှူး ၊ ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး ၊ အကူအညီပေးရေး အဖွဲ့များ ဖြစ်သည့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၊ နိုင်ငံတကာ ပါလီမန်များ အဖွဲ့(IPU) ၊ House of Commons,UK ၊ Hanns Seidel Foundation ၊ Cuso International Organization ၊ Myanmar Scholarship Alumni Association(MSAA) တို့တက်ရောက်ကာ ဆွေးနွေး တင်ပြခဲ့သည်။

ယနေ့ နေပြည်တော်၌ ပြုလုပ်သော လွှတ်တော်များ အရည်အသွေး မြှင့်တင်ရေး ဆိုင်ရာ အစည်းအဝေး (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာသည့် လွှတ်တော်များသည် မည်ကာမတ္တ လွှတ်တော်မျိုး မဖြစ်ရန် လိုပါသည်။ ထို့ကြောင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော် ၊ဝန်ထမ်းများသည် အရည်အသွေး မြင့်မားရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်နိုင်ရန် လွှတ်တော်၏ အရည်အသွေး မြင့်မားအောင် ဆောင်ရွက်မည့် ဆွေးနွေး ဆုံးဖြတ်ချက်များသည် လွှတ်တော်အတွက် တင်မက နိုင်ငံအတွက် အကျိုးရှိသည့် ဆုံးဖြတ်ချက် ၊ ညှိနှိုင်း ဆွေးနွေးမှုများ ဖြစ်မည်ဟု ယုံကြည်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ဆိုသည်မှာ ပြည်သူလူထုကို ကိုယ်စားပြုသော လွှတ်တော်ဖြစ်၍ တိုင်းပြည် အခြေအနေ ၊ ပြည်သူလူထု အခြေအနေနှင့် လုံးဝ ကွာဟနေ၍ မဖြစ်ဘဲ လွှတ်တော်၏ အရည်အသွေးမှာ နိုင်ငံနှင့် နိုင်ငံသူ နိုင်ငံသားများ၏ အရည်အသွေးကို ကြံဆောင်ရမည် ဖြစ်သည်။ ကိုယ်စားလှယ်များ၏ အရည်အချင်း ဆိုသည်မှာ သက်ဆိုင်ရာ နိုင်ငံရေး ပါတီများ၏ တာဝန်များ ဖြစ်ပါသည်။ သို့သော် ဝန်ထမ်းများ၏ အရည်အချင်း မြှင့်တင်ပေးရန် ဆိုသည်မှာ လွတ်တော်တွင် အဓိက တာဝန်ရှိပါကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။ထို့နောက် ဆွေးနွေး တင်ပြမှုများအပေါ် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွေမန်းက ပြန်လည် ရှင်းလင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.