Connect with us

Politics, Law & Military

လောက်ကိုင်မြို့ ရန်လုံကျိုင်းနယ်စပ်ဂိတ်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံခရီးသွားများ နေ့စဉ် ရာနှင့်ချီ ဖြတ်သန်း

တရုတ်-မြန်မာ နယ်စပ် မြေပုံ (ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ လောက်ကိုင် မြို့ရှိ ရန်လုံကျိုင်း နယ်စပ် ဂိတ်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ခရီးသွားများ နေ့စဉ် ရာနှင့်ချီ ဖြတ်သန်း သွားလာ နေကြောင်း ရန်လုံကျိုင်း နယ်စပ် ဂိတ်ရှိ လူဝင်မှု ကြီးကြပ်ရေး ဦးစီး ဌာနမှ အရာရှိ တစ်ဦးက ယနေ့ ဆင်ဟွာသို့ ပြောကြားသည်။

မြန်မာ နိုင်ငံ ဘက်ခြမ်းသို့ နေ့စဉ် တရုတ် နိုင်ငံသား ၁၀၀ကျော် ဝင်ထွက်သွားလာပြီး တရုတ်ဘက်ခြမ်း သို့ နေ့စဉ် မြန်မာ နိုင်ငံသား ၃၅၀ကျော် ဝင်ထွက် နေကြောင်း၊ အဆိုပါ ဒေသသည် လက်ရှိတွင် ပြန်လည် အေးချမ်းစ ပြုနေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ လောက်ကိုင် မြို့တွင် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ပြီး၊ စီးပွားရေး လုပ်ငန်းများ ပြန်လည် လည်ပတ် နေသော်လည်း တိုက်ပွဲများ မဖြစ်မီ အချိန်ကလောက် အလုပ်အကိုင် အခွင့်အလမ်း ပေါများခြင်း မရှိကြောင်း ကုန်သည်တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို တတိယ အကြိမ်နှင့် နောက်ဆုံး အကြိမ်အဖြစ် စစ်အုပ် ချုပ်ရေး ရက်ပေါင်း ၉၀ ထပ်မံ တိုး မြှင့်ရန် သြဂုတ်လ ၁၈ ရက်က ထပ်မံ ကြေညာခဲ့သည်။

စစ်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင် နေရသော ဒေသခံ များသည် မိမိတို့ အိမ်များကို ပြန်လည် လာရောက် လိုသဖြင့် သက်ဆိုင်ရာ တာဝန်ရှိ သူများက ဆောင်ရွက် ပေးစေလိုခြင်း၊ ဒေသခံများ ပျောက်ဆုံး သွားသော အိမ်ထောင်စု ဇယားနှင့် မှတ်ပုံတင်များကိုလည်း အမြန်ဆုံး ပြန်လည် လုပ်ဆောင် ပေးစေလိုကြောင်း လောက်ကိုင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နီနိုင်က ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ ဆွေးနွေး ထားသည်။

လောက်ကိုင် ဒေသတွင် ညမထွက်ရ အမိန့်ကိုလည်း မူလ ည ၇ နာရီမှ မနက် ၅ နာရီ သတ်မှတ်ထားရာမှ ယခု ည ၈ နာရီမှ မနက် ၅ နာရီထိ တစ်နာရီ လျှော့ချ သတ်မှတ် ပေးထားသည်။

“ ပြန်တော့ စည်နေ ပါပြီ။ ညမထွက်ရ အမိန့် မရှိရင် ဒီထက်ပို စည်သွားမယ် ထင်တယ်”ဟု လောက်ကိုင် ဒေသခံ တစ်ဦးက ဆိုသည်။

အစိုးရ တပ်မတော်နှင့် မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) တို့ ဖေဖော်ဝါရီလ (၉) ရက်နေ့မှ စတင်ပြီး တိုက်ပွဲများ သုံးလ ကျော်ကြာ ဖြစ်ပွားခဲ့သည်။ (Xinhua)