Connect with us

Politics, Law & Military

ပထမအကြိမ် ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော်များ၏ အစည်းအဝေးများ ပြီးဆုံး

ပထမအကြိမ် ပြည်သူ့လွှတ်တော်၏ နောက်ဆုံးနေ့ အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

ပထမအကြိမ် ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော်များ၏ ပုံမှန်အစည်းအဝေးများသည် ၁၃ ကြိမ် မြောက်တွင် ပြီးဆုံးကြောင်း ယနေ့ဇန်နဝါရီ ၂၈ ရက်တွင် လွှတ်တော် နှစ်ရပ်မှ အသီးသီး ကြေညာခဲ့သည်။

ပထမအကြိမ် လွှတ်တော်များသည် ၂၀၁၁ ခုနှစ် ၊ ဇန်နဝါရီ ၃၁ ရက်တွင် စတင် ကျင်းပခဲ့ပြီး ယနေ့၂၀၁၆ ခုနှစ် ဇန်နဝါရီလ၂၈ ရက်တွင် ပြုလုပ်သည့် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးများ ကျင်းပပြီးနောက် ရပ်နားခဲ့ခြင်း ဖြစ်ပြီး ပထမအကြိမ် လွှတ်တော် သက်တမ်း ငါးနှစ်အတွင်း လွှတ်တော် သုံးရပ်မှ ဥပဒေပေါင်း ၂၂၉ ခုအား ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။

ပထမအကြိမ် ပြည်သူ့ လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသည် ယနေ့ဇန်နဝါရီလ ၂၈ ရက်တွင် ပြီးဆုံးခဲ့ပြီး အစည်းအဝေးတွင် နိုင်ငံရေး ပါတီ ၁၆ ခုမှ ပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်တို့မှ အသီးသီး နှုတ်ဆက် စကားများ ပြောကြားခဲ့ပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကလည်း နှုတ်ဆက် အမှာစကား ပြောကြားကာ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေး ပြီးစီးကြောင်း ကြေညာခဲ့သည်။

ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေးသည်လည်း ယနေ့ဇန်နဝါရီလ ၂၈ ရက်တွင် ပြီးဆုံးခဲ့ပြီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပထမအကြိမ် အမျိုးသား လွှတ်တော် သက်တမ်း ကာလအတွင်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း နှုတ်ဆက် အမှာ စကားများ ပြောကြားပြီးနောက် ပထမအကြိမ် အမျိုးသားလွှတ်တော် ပုံမှန် အစည်းအဝေး ပြီးစီးခဲ့သည်။
ထို့အတူ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသည်လည်း မနက်ဖြန် ဇန်နဝါရီလ ၂၉ ရက်တွင် ပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။
ဒုတိယအကြိမ် လွှတ်တော် ပုံမှန် အစည်းအဝေးများသည် ဖေဖော်ဝါရီလ ၁ ရက်တွင် စတင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.