Connect with us

Politics, Law & Military

ဥပဒေ ပြုရေး တာဝန် နှင့် ဒီမိုကရေစီ အလေ့အကျင့်ကောင်း များအား ဒုတိယ အကြိမ် လွှတ်တော် သက်တမ်း ၏ ကိုယ်စားလှယ်များက ဆက်လက် တာဝန်ယူ ထမ်းဆောင်ရမည်ဟု သူရဦးရွှေမန်း ပြောကြား

ယနေ့ ဇန်နဝါရီ ၂၉ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအပြီးတွင် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက နှုတ်ဆက်စကားပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာခဲ့သည့် လွှတ်တော်များ၏ ပထမအကြိမ် သက်တမ်းတွင် လွှတ်တော်များ၏ အဓိက တာဝန် ဖြစ်သည့် ဥပဒေ ပြုရေး တာဝန် နှင့် အာဏာများကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်း နှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း ဆိုသည့် ဒီမိုကရေစီ အလေ့အကျင့် ကောင်းများ ကြိုးစား ကျင့်သုံး ဆောင်ရွက်ခဲ့ပြီး ထိုတာဝန်ကို ဒုတိယ အကြိမ် လွှတ်တော် သက်တမ်း၏ လွှတ်တော် ကိုယ်စားလှယ်များက ဆက်လက် တာဝန်ယူ ထမ်းဆောင်ကြရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ယနေ့ဇန်နဝါရီ ၂၉ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအပြီးတွင် နှုတ်ဆက် ပြောကြားခဲ့သည်။

လွှတ်တော် အသစ်များသည် နောင်တိုးတတ် ပြောင်းလဲလာမည့် ခေတ်စနစ် နှင့် လျော်ညီသည့် ဥပဒေများကို ဆက်လက် ပြဋ္ဌာန်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ၊ လွှတ်တော် ယဉ်ကျေးမှုကြီး ရှင်သန် ကြီးထွား အားကောင်း လာရန် လိုအပ်ပါကြောင်း ၊ ပြီးခဲ့သည့် ငါးနှစ်တာ ကာလအတွင်း လွှတ်တော်မှ သက်ဆိုင်ရာ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် နိုင်ခဲ့သည်ဟု သုံးသပ်မိပါကြောင်း ၊ လွှတ်တော် အနေဖြင့် လုပ်နိုင်သည်များ များစွာ ရှိခဲ့ပြီး လုပ်သင့်ပြီး မလုပ်နိုင်သည်များလည်း အတော်များများ ကျန်ရှိနေသေးပါကြောင်း ၊ လွှတ်တော်သည် တကယ် အလုပ်လုပ်ခဲ့သည် ဆိုသည်ကို မည်သူမှ ငြင်း၍ မရပါကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ထည့်သွင်း ပြောကြားခဲ့သည်။

ပထမအကြိမ် ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်၌ ဥပဒေ ပြဋ္ဌာန်းမှုတွင် ဥပဒေ စုစုပေါင်း ၂၂၉ ခု ပြဋ္ဌာန်းခဲ့ပြီး ရုတ်သိမ်း ဥပဒေ ၁၇ ခု ၊ ပြင်ဆင် ဥပဒေ ၁၀၃ ခု ၊ အသစ်ပြဋ္ဌာန်း ၁၀၉ ခု ပြဋ္ဌာန်း နိုင်ခဲ့ကြောင်း သိရသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း လွှတ်တော် သက်တမ်းကာလ အတွင်း ဆောင်ရွက် ခဲ့မှုများအား အကြံပြုတင်ပြရာတွင် လွှတ်တော်ထဲရှိ ပုဂ္ဂိုလ် အသီးသီး၏ အခြေအနေအား အကဲခတ် သုံးသပ်၍ ရယ်ရွှင်ဖွယ် ဟာသဉာဏ်များဖြင့် မှတ်ချက်ပြု ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လွှတ်တော်ကြီးသည် တကယ့်ကို အဆင့်အတန်း မီပြီး တက်ကြွစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဂုဏ်ပြုစကား ပြောကြားရင်း လွမ်းနေအုန်းမယ်နော် ဟု နှုတ်ဆက် စကား ထည့်သွင်း ပြောကြားခဲ့သည်။

ထိုပြင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ၊ အမျိုးသားလွှတ်တော် ၊ ဒုတိယဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ပြီးဆုံးသည့် နောက်ဆုံးနေ့တွင် အကြံပြု တင်ပြချက်များ တတ်ရောက်ပြောကြားခဲ့ကြသည်။

ပထမအကြိမ် လွှတ်တော်များသည် ၂၀၁၁ ခုနှစ် ၊ ဇန်နဝါရီ ၃၁ ရက်တွင် စတင် ကျင်းပခဲ့ပြီး ယနေ့၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်တွင် လွှတ်တော် အသီးသီး၏ အစည်းအဝေးများ ပြီးဆုံးခဲ့ပြီး ဒုတိယအကြိမ် လွှတ်တော် ပုံမှန် အစည်းအဝေးများသည် ဖေဖော်ဝါရီလ ၁ ရက်တွင် စတင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.