Connect with us

Politics, Law & Military

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်၌ ကျပ်သိန်း ၃ သောင်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးမိ

သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှုအား တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) 

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ယာဉ်တစ်စီးပေါ်မှ ငွေကျပ်သိန်း ၃၀,၂၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar)က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။ 

ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာ (မကဖ) ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၂၆ ရက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ပြည်မြို့ဘက်မှ တောင်ကုတ်မြို့ ဘက်သို့ ဦးတည် မောင်းနှင်လာသော HYUNDAI အမျိုးအစားမော် တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသာ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၁၆,၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၃၀,၂၄၀ )နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်အား ဥသျှစ်ပင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး  ကွင်းဆက်များဖော်ထုတ် စစ်ဆေး လျက်ရှိကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.