Connect with us

Politics, Law & Military

ပြည်ထောင်စု နှင့် တိုင်းဒေသကြီး/ပြည်နယ် အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီများ ပထမဆုံး အကြိမ် မျက်နှာ စုံညီ အစည်းအဝေး ကျင်းပ

ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ မျက်နှာစုံညီ အစည်းအဝေးအား ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)

ပြည်ထောင်စု နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီများနှင့် ပထမဆုံး အကြိမ် မျက်နှာ စုံညီ အစည်းအဝေးအား ယနေ့ဒီဇင်ဘာ ၂၁ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က “အဓိကတော့ တစ်နှစ်ပတ်လုံး လုပ်ငန်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်း ဆောင်ရွက်ချက်ကို ပြန်လည် သုံးသပ်ခြင်း ဖြစ်ပါတယ်။ဒီမှာ အားသာချက်တွေ ၊ အားနည်းချက်တွေ ဒါတွေနဲ့ပတ်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်း ညှိနှိုင်း ဆွေးနွေးပြီးတော့မှ လိုအပ်သည့် ညွှန်ကြားချက်တွေ ၊ လုပ်ငန်း လမ်းညွှန်တွေ ၊ ပြုပြင်စရာ ရှိရင် ပြန်လည် ပြုပြင် ရေးဆွဲတာတွေ ဆောင်ရွက်နိုင်ဖို့အစည်းအဝေးကို ကျင်းပခြင်း ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ်(NCA) လက်မှတ် ရေးထိုးခဲ့သည်မှာ ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း ၊ JMC ဖွဲ့စည်းလိုက်သည့် အတွက် တစ်ချို ့နေရာများတွင် ပစ်ခတ် တိုက်ခိုက်မှုများအား လျှော့ချနိုင်ခဲ့ခြင်းများ ရှိသကဲ့သို့တစ်ချို့နေရာများတွင် ပစ်ခတ် တိုက်ခိုက်မှု မရှိသလောက် ဖြစ်ကြောင်း ၊ ရှိခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများအား NCA လုပ်ငန်း လမ်းညွှန် အတိုင်း သေချာ စနစ်တကျဖြင့် ဆောင်ရွက်နိုင်ခဲ့သည့် အတွက် အားလုံး ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်နိုင်ခဲ့ခြင်းကို တွေ့ရှိရကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ထည့်သွင်း ပြောကြားခဲ့သည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC) ၏ အဓိက တာဝန်ဖြစ်သည့် ပစ်ခတ် တိုက်ခိုက်မှုများ မရှိအောင် ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း ၊ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိလာနိုင်သည့် အနေအထားမျိုး ကြုံတွေ့ပါက အောက်ခြေ တပ်မှူး အချင်းချင်း ဆက်သွယ်ပြီး ဖြေရှင်း ဆောင်ရွက်သွား၍ ရကြောင်း ၊ အောက်ခြေတပ်မှူးများ ညှိနှိုင်း ဆောင်ရွက်သွားမည် ဆိုပါက JMC ၏ အဓိက တာဝန်ဖြစ်သည့် ပစ်ခတ် တိုက်ခိုက်မှုများ မရှိအောင် ထိန်းသိမ်းသွားနိုင်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်နိုင်ရန် မိုင်းရှင်းလင်းရေး လုပ်ငန်းများအား တစ်ဆင့်တက်ပြီး JMC မှ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပစ်ခတ်တိုက်ခိုက်မှုများ မရှိအောင် ကြိုးစားရန် လိုအပ်ကြောင်း ၊ မိုင်းရှင်းလင်းရေး လုပ်ငန်းကိုလည်း နှစ်ဘက် ညှိနှိုင်းပြီး အဓိကအားဖြင့် ပြည်သူလူထု အသုံးပြုသည့် နေရာများတွင် စနစ်တကျ ရှင်းလင်းပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား စီမံ ဆောင်ရွက်နိုင်မှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အောင်မြင်မည် ဖြစ်ကြောင်း ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့သည်။

ထို့အတူ JMC ဆိုင်ရာ လုပ်ငန်းများအား ပြည်ထောင်စု အဆင့် နှင့် ရှမ်းပြည်နယ် ၊ တနသာၤရီ တိုင်းဒေသကြီး ၊ ကရင် ပြည်နယ် ၊ မွန်ပြည်နယ် ၊ ပဲခူးတိုင်းဒေသကြီး တို့၏ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီများမှ ရှင်းလင်း တင်ပြခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.