Connect with us

Politics, Law & Military

မငြိမ်းချမ်းသော နယ်မြေတစ်လက်မမျှမရှိရန် ကြိုးစားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

(၆၈) နှစ် မြောက် ချင်းအမျိုးသားနေ့အခမ်း အနားတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်အမှာ စကားပြောကြားနေစဉ် (ဓာတ်ပုံ- NLD)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ မငြိမ်းချမ်းသော နယ်မြေတစ်လက်မမျှမရှိစေရန် ကြိုးစားမည်ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က (၆၈) နှစ် မြောက် ချင်းအမျိုးသားနေ့အခမ်း အနားတွင် ပြောကြားသည်။

‘‘ကျွန်မတို့ ပြည်ထောင်စု ကြီးဟာ နေရာတိုင်း၊ နေရာတိုင်း မှာ ငြိမ်းချမ်းနေပြီ၊ အေးချမ်းနေ ပြီလို့ ပြောလို့မရဘူးဆိုတာ ပြည်သူပြည်သားများအားလုံး အသိ ပဲဖြစ်ပါတယ်။ တစ်ကြိမ်တစ်ခါမှာ ဆိုရင် ကျွန်မတို့ပြည်ထောင်စု ကြီးမှာ မငြိမ်းချမ်းတဲ့နယ်မြေ တစ်လက်မမျှ မရှိအောင်လို့ ကျွန်မတို့လုပ်ဖို့ ကြိုးစားရမှာ ဖြစ် ပါတယ်။ တကယ်ပဲ ချမ်းသာ ကြွယ်ဝနိုင်မှာပါ။ငြိမ်းချမ်းမှုမရှိဘဲနဲ့ဘယ်လိုမှ ချမ်း သာကြွယ်ဝမှုရရှိနိုင်မှာမရှိပါဘူး’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

တစ်ဦးချင်းစီ ပေးဆပ်ချင် စိတ်ကို ပြုစုပျိုးထောင်မည်ဆိုပါ က ငြိမ်းချမ်းရေးရရှိရန် ခက်ခဲမည် မဟုတ်ကြောင်း၊ တစ်ဦးပေါ်တစ်ဦး သစ္စာတရားရှေ့ထားပြီး လက်တွဲလုပ်ကိုင်လျှင် တိုင်းရင်းသားများ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာကြ မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၌် ဖေဖော်ဝါရီ ၂၀ ရက် ညနေက (၆၈) နှစ် မြောက် ချင်းအမျိုးသားနေ့အခမ်း အနားကျင်းပခဲ့ပြီး အခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာ ပေးပို့ခဲ့သည်။ လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌများ တက်ရောက်ခဲ့ ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တို့ က အမှာစကားများ ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.