Connect with us

Politics, Law & Military

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ပဉ္စမအကြိမ်အစည်းအဝေး၌ ဆွေးနွေးချက်များ သဘောတူညီမှုရရှိ

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ(UPDJC)၏ ပဉ္စမအကြိမ်အစည်းအဝေးအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ(UPDJC)၏ ပဉ္စမအကြိမ်အစည်းအဝေး၌ ဆွေးနွေးချက်များ သဘောတူညီမှုရရှိခဲ့ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ၏ အထူးအကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲ၌ လာမည့် မတ် ၃ဝ ရက် အစိုးရတာဝန် အလွှဲပြောင်းပြီးသည့်အခါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း လွှဲပြောင်းပေး၍ ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ရန်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပခဲ့မှုအပေါ် သုံးသပ်ဆွေးနွေးရာတွင် NCA ၏ပြဋ္ဌာန်းချက်အတိုင်း

စတင်ဆောင်ရွက်ရန်၊NCA တွင် ပြဋ္ဌာန်းထားသည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ များကျင်းပရေးကိစ္စများ ဆောင်ရွက် ရန်၊ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံမှတ်တမ်းနှင့် ဆွေးနွေးချက် အစီရင်ခံစာများ ထုတ်ပြန်ရေးမှတ်တမ်းဆွေးနွေးချက်နှင့် အစီရင်ခံစာများ အား အစိုးရမပြောင်းခင် မတ်လအတွင်း အချောသပ်၍ ထုတ်ပြန်ရန်၊ ဆဋ္ဌမအကြိမ်ပြုလုပ်ကျင်းပမည့် အစည်းအဝေး အား မတ် ၁ ရက်တွင် ခေါ်ယူရန် ဆွေးနွေးနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ(UPDJC)၏ ပဉ္စမအကြိမ်အစည်းအဝေးအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

”ကျွန်တော်တို့ ဒုတိယလွှတ်တော် များက ဖေဖော်ဝါရီ ၁ ရက်မှာစပါတယ်။ အဲ့ဒီလွှတ်တော် များက UPDJC ကိုယ်စားလှယ် နှစ်ဦးကို ဒီနေ့စေလွှတ် ပါတယ်။ UPDJC အဖွဲ့ဝင်အနေနဲ့ပါ။ အခုလက်ရှိ UPDJC မှာ အစိုးဘက်က ကိုးဦး၊ တပ်မတော်ဘက်က ငါးဦး၊ လွှတ်တော်က နှစ်ဦး အနေနဲ့ရှိပါတယ်။ နောင်အစိုးရ တစ်ခုပြောင်းလို့ ပုံစံပြောင်းရင်လည်း ကျွန်တော်တို့ UPDJC က ဆက်ရှိမှာပါ။ နောက်ဝန်ကြီး ဦးအောင်မင်းက NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့ (၇)ဖွဲ့ကို သူ့အနေနဲ့ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အကြောင်း နားလည် လာအောင် တွေ့ဆုံရှင်းပြဖို့ရှိပါ တယ်” ဦးလှမောင်ရွှေက ပြောသည်။

ယင်း အစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)တွင် ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ၏ ဒုတိယဥက္ကဋ္ဌများဖြစ် ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှ ပဒိုစောကွယ်ထူးဝင်းနှင့် နိုင်ငံရေးပါတီအစုအဖွဲ့မှ ဦးသုဝေတို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

” ကျွန်တော်တို့အနေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကိုသွားပြီးNCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ သွားရောက် တွေ့ဆုံဆွေးနွေးဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ NCA လက်မှတ်ထိုးပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေကလည်း စနေပြီ ဆိုတော့ အခြားတိုင်းရင်းသားအဖွဲ့တွေအနေနဲ့ ပါဝင် လာနိုင်ဖို့ အချိန်ကောင်းလည်း ဖြစ်ပါတယ်” ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.