Connect with us

Politics, Law & Military

မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်နိုင်ရေး အဆင့် (၃)ဆင့်ဖြင့် ဆောင်ရွက်

မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေးဦးဆောင်ကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပစဉ်(သမ္မတရုံး)

ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက် ရာ၌ အဆင့် (၃)ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေးဦးဆောင်ကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

ပထမအဆင့်အနေဖြင့် အခြားနိုင်ငံက ပိုင်သည့် ဂြိုဟ်တုထရန်စပွန်ဒါကို ငှားရမ်းပြီး ငွေပေးချေသောစနစ်ဖြစ်ပြီး လက်ရှိတွင် MyanmarSat-1 ကို ငှားရမ်းသုံးစွဲနေကြောင်း၊ ဒုတိယအဆင့်အနေဖြင့် အချိုးကျပူးတွဲ ပိုင်ဆိုင်သည့်စနစ်ဖြစ်ပြီး ၎င်းစနစ် အကောင် အထည်ဖော်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန နှင့် Intelsat Global Sales & Marketing Limited တို့ သဘောတူစာချုပ် လက်မှတ်ရေးထိုး ခဲ့ကြကြောင်း၊၎င်းစာချုပ်တွင် ကုန်ကျမည့်ငွေ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းဖြစ်ပြီး အဆိုပါငွေပမာဏ၏ (၃၀)ရာခိုင်နှုန်းကို ၂၀၁၈ ခုနှစ်၊ (၆)လ ဘတ်ဂျက်တွင် နှစ်ကြိမ် ပေးချေ ရမည်ဖြစ်ပါကြောင်း ၎င်းကဆိုသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် (၅၀)ရာခိုင်နှုန်းကို လေးကြိမ်ခွဲ၍ ပေးချေ ရမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိသည့် (၂၀)ရာခိုင်နှုန်းကို နှစ်ကြိမ်ခွဲ၍ ပေးချေရမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်ဖြစ်သောအချိုးကျပူးတွဲပိုင်ဆိုင်မည့် MyanmarSat-2 ဂြိုဟ်တုကို ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် နည်းပညာအသစ်များဖြင့် စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး ယခင်ထက်ပိုမိုအကျိုးရှိမည်ဟု ယုံကြည်ကြောင်း၊ အဆိုပါဂြိုဟ်တုတွင် မြန်မာနိုင်ငံအနေဖြင့် C-Band (၆)ခုအတွက် လိုင်းအင်အားပေါင်း 432 MHz နှင့် Ku Band (၆)ခုအတွက် လိုင်းအင်အားပေါင်း 432 MHz ၊ စုစုပေါင်း လိုင်းအင်အား 864 MHz ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဒုတိယ သမ္မတက ပြောသည်။

သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ဂြိုဟ်တု Channel ငှားရမ်းခ နိုင်ငံခြားငွေပေးချေမှုသက်သာစေရန်နှင့် ပညာရေး၊ ကျန်းမာရေး နှင့် အခြားကဏ္ဍများတွင် အကျိုးရှိစွာအသုံးပြုနိုင်စေရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို စနစ်တကျ ရေးဆွဲဆောင်ရွက်သွားကြရန်နှင့် အစီအမံများ ရေးဆွဲရာတွင်လည်း စီးပွားရေးတွက်ခြေကိုက်မှု၊ ဖြစ်ပေါ်လာနိုင်မည့် အကျိုး၊ အပြစ်များနှင့် အခြားအကျိုးသက်ရောက် နိုင်မှုအခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

တတိယအဆင့်အနေဖြင့် မြန်မာနိုင်ငံမှ အလုံးစုံပိုင်ဆိုင်သည့် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်မှု ဖြစ်ကြောင်း၊ အဆိုပါအဆင့်ကို အသုံးပြုမည့်ဂြိုဟ်တု Channel များပြားလာသည့်အချိန်နှင့် နည်းပညာအတွေ့အကြုံများ ကြွယ်ဝပြီး ကိုယ်ပိုင်ထိန်းချုပ်နိုင်သည့်အချိန်တို့တွင် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ပါက ကုန်ကျစရိတ်များပြားသည့်အတွက် ပထမဦးစားပေးလျာထားမှုအနေဖြင့် ကုန်ကျစရိတ်သက်သာသော Earth Observation Micro-Satellite အမျိုးအစားဂြိုဟ်တုကို လွှတ်တင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.