Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး တက်ရောက်

ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားစဉ်(သမ္မတရုံး)

ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိ နေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် သြဂုတ် ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့အကြီးအကဲ များစုပေါင်းတွေ့ဆုံပွဲနှင့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး သို့တက်ရောက်ခဲ့ကြောင်း သိရသည်။

ယခုအစည်းအဝေးတွင် BIMSTEC ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာအောင် မည်သည့်နည်းလမ်းများနှင့် ဆောင်ရွက်သင့်သည်ကို ဆွေးနွေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊

၂၀၁၄ခုနှစ် နေပြည်တော်တွင် ကျင်းပခဲ့သည့် တတိယအကြိမ် BIMSTEC ထိပ်သီး အစည်းအဝေးတွင် BIMSTEC ပူးပေါင်းဆောင်ရွက်မှုပိုမိုနက်ရှိုင်းလာစေရန်နှင့် အဖွဲ့ကြီး၏ ဖွဲ့စည်းမှုဆိုင်ရာ လုပ်ငန်းစဉ်များပိုမိုခိုင်မာအောင်ဆောင်ရွက်ရေး သဘောတူညီခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ယနေ့ကမ္ဘာတွင် တိုးပွားနေသည့် လူဦးရေအတွက် အစားအစာနှင့်အဟာရလုံခြုံမှုရှိရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ ၂၀၅၀ ခုနှစ်တွင် လူဦးရေ ၉ ဒသမ ၆ ဘီလီယံ အထိရှိလာမည်ဟု ခန့်မှန်းရကြောင်း၊ကမ္ဘာ့လူ ဦးရေ၏ ၂၂ ရာခိုင်နှုန်း နေထိုင်သည့် BIMSTEC ဒေသသည်လည်း ဒီစိန်ခေါ်မှုကို မလွဲမသွေရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

BIMSTEC ၏ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ ၁၆ ခု ကို တစ်ပြိုင်နက်တည်း အကောင် အထည်ဖော်ရန်မှာ ငွေကြေးအရနှင့် အရင်းအမြစ်များအရပါ ကန့်သတ်ချက်များ ရှိနေသည့် အတွက် အခက်အခဲများစွာရှိကြောင်း၊ ထို့ကြောင့် ထိထိရောက်ရောက် အကောင် အထည်ဖော်နိုင်ရန် မိမိတို့ဆောင်ရွက်လိုသည့်စီမံကိန်းများထဲက အချို့ကို ဦးစားပေးအနေနှင့် ရွေးချယ် သွားရမည်ဖြစ်ကြောင်း သမ္မတက ပြောသည်။

ရန်ပုံငွေရရှိနိုင်မှုသည် မိမိတို့ပူးပေါင်းဆောင်ရွက်ရေးအတွက် ထည့်သွင်း စဉ်းစားရသည့် အချက်တစ်ချက်ဖြစ်သည်ကို မိမိတို့ နားလည်ကြောင်း၊ထို့ကြောင့် ပူးပေါင်းဆောင်ရွက်ရေး အတွက် ရန်ပုံငွေရရှိနိုင်မည့် အခြားနည်းလမ်းများ ရှာဖွေသွားမည့် အစီအစဉ်ကို ကြိုဆိုကြောင်း၊လက်ရှိတွင် မိမိတို့၏ ဘုံစီမံကိန်းများကို အကောင်အထည်ဖော်ရန်အတွက် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှု မြှင့်တင်သွားဖို့ လိုအပ်ကြောင်း ၎င်းကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.