Connect with us

Politics, Law & Military

ရခိုင်တိုင်းရင်းသားများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးအဖြစ် ကျပ် ၄၅၅ သိန်း ထောက်ပံ့

လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ပေးခြင်းနှင့် ဘေးဒဏ်ခံဘက်စုံသုံး အဆောက်အဦပေးအပ်ပွဲ ကျင်းပနေစဉ်(လူကယ်ပြန်)

ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ရခိုင်တိုင်းရင်းသားများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ငွေအဖြစ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ကျပ် ၄၅၅ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ပေးခြင်းနှင့် ဘေးဒဏ်ခံဘက်စုံသုံး အဆောက်အဦ (Cyclone Shelter) (၁၀)လုံးဆောက်လုပ်ပေးလျက်ပြီး လက်တလောတွင် နှစ်လုံး ဆောက်လုပ် ပြီးဖြစ်၍ လွှဲပြောင်းပေးအပ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်း ၊ ယင်းCyclone Shelter နှစ်လုံး၏ စုစုပေါင်း တန်ဖိုးမှာ ကျပ် (၂၅၉,၁၆၀,၀၀၀) ဖြစ်ကြောင်း သိရသည်။

သဘာဝဘေးဒဏ်ကျရောက်နိုင်ခြေရှိသော ဒေသများတွင် ပြည်သူလူထုဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် ဘေးဒဏ်ခံဘက်စုံသုံးအဆောက်အဦ ( Cyclone Shelter) များဆောက်လုပ် ပေးလျက်ရှိကြောင်း၊

ဘေးဒဏ်ကျရောက်ခြင်းမရှိချိန်တွင် လူငယ်စင်တာ၊ မူလတန်းကြိုကျောင်း၊ မိခင်ဝိုင်း၊ စာကြည့်တိုက်၊ အစည်အဝေးခန်းမ စသည့် ပြည်သူ့အကျိုးပြုလူထုအခြေပြုလုပ်ငန်းများအတွက် ထိုအဆောက်အဦးများကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.