Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကြိမ်ချောင်းစစ်ဆေးရေးဂိတ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၇,၂၅ဝ သိမ်းဆည်းရမိ

မောင်တောမြို့ အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကြိမ်ချောင်းစစ်ဆေးရေးဂိတ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၇,၂၅ဝ နှင့် ရွှေထည်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် နယ်မြေ ၄ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်၌ အမှတ် ၂ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁ဝ ရက် မွန်းတည့် ၁၂ နာရီက မောင်တောမှ ခမောင်းဆိပ်ကျေးရွာသို့ မောင်တောမြို့နယ် သုံးမိုင်ကျေးရွာနေ အောင်ကျော်ဌေး မောင်းနှင်ပြီး ဦးအေးထွန်းနှင့် မင်္ဂလာညွန့် ကျေးရွာနေ ကိုကိုဝင်းတို့ လိုက်ပါလာသည့် 5M/—- Lifan ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၄ဝ,ဝဝဝ နှင့် ကိုကိုဝင်းထံမှ ငွေကျပ် ၁,ဝဝဝ,ဝဝဝ၊ ရွှေနားကပ် နှစ်ရံ၊ ရွှေဆွဲကြိုး တစ်ကုံး တို့ကိုလည်းကောင်း၊ ၎င်းယာဉ်နောက်မှကပ်၍ လိုက်ပါ လာသော ဝေလာ တောင်ကျေးရွာနေ ဟိန်းစိုးသူ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ,ဝဝဝ ကိုလည်းကောင်း၊ ထို့အတူ မောင်မောင်(ခ) မောင်လှ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ၇,၂၅ဝ နှင့် ငွေကျပ် ၇၈ဝ,ဝဝဝ တို့ကို လည်းကောင်း စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၅၇,၂၅ဝ တို့ကို သိမ်းဆည်းရမိခဲ့သည်။

၎င်းတို့ကို စစ်မေးရာ မောင်တောမြို့နေသူတစ်ဦး (စိစစ်ဆဲ)က မူးယစ် ဆေးဝါးအထုပ်တစ်ထုပ်လျှင် ငွေကျပ် ၁၅ဝ,ဝဝဝ နှုန်းဖြင့် ခမောင်းဆိပ်ကျေးရွာ လမ်းဆုံသို့ ပို့ဆောင်ခိုင်း၍ သယ်ဆောင် လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သောကြောင့် ဟိန်းစိုးသူ၊ မောင်မောင်(ခ) မောင်လှ၊ အောင်ကျော်ဌေးပါ သုံးဦးနှင့် မူးယစ်ဆေးဝါးများပိုင်ရှင် (စိစစ်ဆဲ) တို့အား အရေးယူထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.