Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ငွေကျပ်သိန်းပေါင်း ၇၇၆၁ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများသိမ်ဆည်းရမိ

ဖမ်းဆီးရမိသူအား စိတ်ကြွရူးသွပ်ဆေးပြားများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ကျပ်သိန်းပေါင်း ၇၇၆၁ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၈,၀၅ဝ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဇန်နဝါရီ ၅ ရက် ညနေ ၃ နာရီခွဲခန့်က မူးယစ်တပ်ဖွဲ့စု (၄၆)နှင့် ပူးပေါင်းအဖွဲ့သည် မြို့မတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှသိန်းတို့နှင့်အတူ မြို့မဈေး တောင်ဘက်ဆိုင်တန်းတွင် ဖွင့်လှစ်ထားသည့် ဖုန်းနှင့်လျှပ်စစ်ပစ္စည်း များ ရောင်းချသည့် ဆိုင်ပိုင်ရှင် မိုဟာမတ် ဆူဖိုက်၏ နောက်ဘက်ပစ္စည်းလှောင်ခန်း အား စစ်ဆေးရာ ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၇၆၁ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၃၈၈,ဝ၅ဝ၊ အလေးချိန် (၃၈.၈ဝ၅) ကီလိုဂရမ် အား သိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်တရားခံ ဖော် ထုတ်ဖမ်းဆီးရန်နှင့် အမှုဖွင့်ထားကြောင်း မြန်မာ့အလင်းသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.