Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် အတွင်းသို့ ပြန်လည် ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးလုပ်ငန်း များအတိုင်း စိစစ်လက်ခံ ဆောင်ရွက်

မောင်တောမြို့နယ် ငါးခူရ ပြန်လည်လက်ခံရေးစခန်းသို့ ပြန်လည် ဝင်ရောက် လာ သည့် နေရပ်စွန့်ခွာသူ များအား စိစစ် လက်ခံမှုများအား တွေ့ရစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရ ပြန်လည်လက်ခံရေးစခန်းသို့  မိမိတို့ သဘောဆန္ဒအရ ပြန်လည် ဝင်ရောက် လာ သည့် နေရပ်စွန့်ခွာသူ အိမ်ထောင်စု ၁၄ စု လူဦးရေ ၂၇ ဦးအား ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ် လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

အဆိုပါ နေရပ်စွန့်ခွာသူ ၂၇ ဦးသည် စက်တင်ဘာ ၂၅ ရက်တွင် ပြန်လည် ဝင်ရောက်လာခဲ့ရာတွင် ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များအတိုင်း လက်ခံဆောင်ရွက်ရာတွင် လုံခြုံရေးတာဝန်ရှိသူများက သတ်မှတ်နေရာ၌ တစ်ဦးချင်းလုံခြုံရေး ဆိုင်ရာရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းစဉ်များ စိစစ်မှတ်တမ်းတင်ခြင်းအား ဆောင်ရွက်ရာတွင်  အိမ်ထောင်စု ၁၄ စုရှိ အသက်(၁၀)နှစ်အောက် ကျားလေးဦး၊ မသုံးဦး ပေါင်း ခုနစ်ဦး၊ အသက်(၁၀)နှစ် အထက် ကျား ၁၂ ဦး၊ မ ရှစ်ဦး ပေါင်း ၂၀ တို့အား NV Card  (Identity Card for National Verification) ထုတ်ပေးခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှု နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ငါးခူရပြန်လည်လက်ခံရေးစခန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းကိုက လှဖိုးခေါင် ယာယီ နေရာ ချထား စခန်းသို့ လွှဲပြောင်းပို့ဆောင်ပေးရာ လှဖိုးခေါင် စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးစိုးရွှေအောင်နှင့် စခန်းတာဝန်ရှိသူ များက လွှဲပြောင်း/ လက်ခံ ဆောင်ရွက် ကြပြီး ဆန်၊ ဆီ၊ ဆား၊ ပဲ Kitchen Set များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်လည်ဝင်ရောက်လာသူ အိမ်ထောင်စု ၁၄ စု ၊ လူဦးရေ ၂၇ ဦးတို့မှာ ယခင် နေရပ် မောင်တောမြို့နယ် ဦးရှည့်ကျကျေးရွာ ကပ္ပကောင်းကျေးရွာ၊ မြောတောင်ကျေးရွာ၊ ကြက်ရိုးပြင်ကျေးရွာတို့မှဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ ညနေပိုင်းတွင် စခန်းမှ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.