Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးတွင် အထူးစီးပွားရေးဇုန်ကြီးများ ထပ်မံတည်ဆောက်ရန်ရှိ

ရန်ကုန်မြို့၏ ညရှုခင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် အထူးစီးပွားရေးဇုန်ကြီးများ ထပ်မံတည်ဆောက်ရန်ရှိကြောင်း ထိုကိစ္စ နှင့် ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်ထောင်စု လွှတ်တော်ကို တင်ပြပြီး အဆိုပြုသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒုတိယသမ္မတ (၁) နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။

ဦးဖြိုးမင်းသိန်းက “သီလဝါအထူးစီးပွားရေးဇုန်လိုပဲ ဒလဘက်ကို အခြေပြုပြီး ပင်လယ်ပြင်ကိုမျက်နှာမူထားတဲ့ ဆိပ်ကမ်းသစ်တစ်ခု အထူးစီးပွားရေးဇုန်တစ်ခုကို ဆောင်ရွက်ဖို့ ပြင်ဆင်ပါတယ်။’’ ဟုပြောသည်။

မြေ

မြေကိစ္စ ၊ မြေနဲ့ ပတ်သက်၍ လယ်ယာမြေအသုံးပြုခွင့် လန ၃၉ အား အခြားမြေအသုံးပြုခွင့်လျှောက်ထားသည့် အခါ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တော်တော်များများကို ပြန်ပြီးသုံးသပ်နေကြောင်းသိရသည်။

ဦးဖြိုးမင်းသိန်းက “လန ၃၉ ကို လယ်သမားတွေက လျှောက်တာ တစ်ယောက်မှ မတွေ့ရပါဘူး။လုပ်ငန်းရှင်တွေပဲ လျှောက်တာပါ။ လန ၃၉ ပြောင်းပြီးရင် မြေရဲ့တန်ဖိုးက အများကြီး ပြောင်းလဲသွားပါတယ်။’’ ဟုပြောသည်။

ရန်ကုန်စည်ပင်သာယာပြင်ပတွင်ရှိသည့် ၁၂ မြို့နယ်အား စက်မှုဇုန်လိုမျိုးတည်ထောင်ထားပြီး ထိုစက်မှုဇုန်များတွင် လာလုပ်ရန် အတွက် ခွင့်ပြုပေး၊မပေးဆိုသည့် အခြေအနေအား စဉ်းစားနေကြောင်း၊ လူတစ်ဦးချင်းစီမှ လန ၃၉ ပြောင်းလိုက်ခြင်းအားဖြင့် ကျပ်သိန်း ၂၀၀၊ ၃၀၀ ပေါက်ဈေးရှိရာကကျပ် သိန်း ၅၀၀၊ ၁၀၀ ရသွားတဲ့ အခွင့်ထူးပေးသလို အခြေအနေများအား စဉ်းစားသွားမည်ဖြစ်ကြောင်း ဆိုသည်။

“သန်လျင်၊ ကျောက်တန်း ဘက်တွေမှာ စက်မှုဇုန်တွေလို လာရောက်ရင်းနှီးမြှုပ်နှံလို့ ရမယ့်နေရာတွေကို ဖန်တီးပေးပါမယ်။ လုပ်ငန်းဆောင်ရွက်ချင်တဲ့ သူတွေအနေနဲ့ ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ နဲ့ ညှိနှိုင်း ဆောင်ရွက်နိုင်ပါတယ်။ ဒါပေမယ့် လန ၃၉ ကို အခြားနည်းလမ်းဆောင်ရွက်ခွင့်ရမှ ဆိုတဲ့ အခြေအနေ မျိုးအတွက် လိုက်လံကြိုးပမ်းဆောင်ရွက်နေရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဒီအခြအနေကို သေသေချာချာစိစစ်ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတာ အသိပေးလိုပါတယ်။ အဆင့်အတန်းမီတဲ့ စက်မှုဇုန်အသေးလေးတွေကို မြို့နယ်အသီးသီးမှာ ဆောင်ရွက်ပေးသွားဖို့ရှိပါတယ်။’’ ၎င်းကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117