Connect with us

Politics, Law & Military

ရေသယံဇာတများစဉ်ဆက်မပြတ် ပွားများစေရန် ထိန်းသိမ်းသွားမည်ဟု ဆို

ငါးမန်း နှင့် #ငါးလိပ်ကျောက် မျိုးစိတ်များ ထိန်းသိမ်း ကာကွယ်ရေး အစည်းအဝေး ကျင်းပနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံတော် ငါးလုပ်ငန်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးစေရေးအတွက် ငါးအပါအဝင် ရေသယံဇာတများကို စဉ်ဆက်မပြတ် ပွားများစေရန် ထိန်းသိမ်းသွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က ယနေ့ ပြောကြားခဲ့သည်။

“ငါးလုပ်ငန်း ဦးစီးဌာန အနေနဲ့ ငါးအပါအဝင် ရေသယံဇာတများ စဉ်ဆက်မပြတ် ပွားများ စေရန် ထိန်းသိမ်းရေး တာဝန်ကို အင်တိုက် အားတိုက် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု နေပြည်တော် Amara Hotel တွင် ယနေ့ မနက် ပြုလုပ်သော ငါးမန်း၊ ငါးလိပ်ကျောက် မျိုးစိတ်များ ထိန်းသိမ်း ကာကွယ်ရေး ဆိုင်ရာ ဒုတိယအကြိမ် အမျိုးသား အဆင့် အစည်းအဝေး၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ကို ဖွဲ့စည်းထားရှိပြီး ဒုတိယ သမ္မတက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ စီစဉ် ဆောင်ရွက်လျက်ရှိကာ ငါးလုပ်ငန်း ဦးစီးဌာနက တွဲဖက် အတွင်းရေးမျူး(၂) တာဝန်ယူထားကြောင်း၊ မြန်မာ့ပင်လယ်ပြင်ရှိ ငါးမန်းနှင့် ငါးလိပ်ကျောက်များကို ထိထိရောက်ရောက် ထိန်းသိမ်းနိုင်ရေး အတွက် မဟာဗျူဟာများ ချမှတ်နိုင် ရန်၊ သတင်း အချက်အလက်များစုစည်းပြီး ထိုသတင်း အချက် အလက်များအပေါ်မူတည်လျက် အမျိုးသားအဆင့် စီမံချက်များ ချမှတ်ရန်၊ ထိုမှတစ်ဆင့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် အကောင်အထည်ဖော်ရမည့် စီမံချက်များ ဆက်လက် ရေးဆွဲ နိုင်ရေး ဦးဆောင် လမ်းညွှန် ပေးရန် စသည်တို့ ဆောင်ရွက်နိုင်ရေး အတွက် ယခု အစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ကြောင်း လည်း ၎င်းက ပြောခဲ့သည်။

ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော် အားတွေ့ရစဉ်(ဆင်ဟွာ)

WCS မှ Mr. Barry Flaming အားတွေ့ရစဉ်(ဆင်ဟွာ)

FFI မှ Mr. Rob Howard အားတွေ့ရစဉ်(ဆင်ဟွာ)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၊ FFI (Fauna and Flora International) နှင့် WCS (Wildlife Conservation Society) တို့ ပူးပေါင်းပြီး ပြုလုပ်သော အဆိုပါ အစည်းအဝေးသို့ ငါးလုပ်ငန်း ဦးစီးဌာနမှ ပညာရှင်များ၊ WCS နှင့် FFI မှ ကိုယ်စားလှယ်များအပြင် သစ်တောဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ တက္ကသိုလ်အသီးသီးမှ ဆရာ ဆရာမများလည်း တက် ရောက်ခဲ့ကြသည်။

ပထမအကြိမ်အစည်းအဝေး၏ ဆုံးဖြတ်ချက်များတွင် ငါးမန်းနှင့် ငါးလိပ်ကျောက်ဆိုင်ရာ သတင်း အချက်အလက်များ တစ်စုတစ်စည်းတည်း ရရှိနိုင်ရေးအတွက် နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ ငါးမန်းနှင့် ငါးလိပ်ကျောက်ဆိုင်ရာ သတင်း အချက်အလက်များ ပြည့်ပြည့်စုံစုံ ရစေရန် တက္ကသိုလ်များကပါ ပူးပေါင်း ပါဝင် ဆောင်ရွက်ရန် ဟူသည့် အချက်များလည်း ပါဝင်ခဲ့သဖြင့် ယခု ဒုတိယ အကြိမ် အစည်းအဝေးတွင် တက္ကသိုလ်များမှ ဆရာ ဆရာမများ၊ ပညာရှင်များ ပါဝင်လာ ရခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.