Connect with us

Politics, Law & Military

ရွေးကောက်ပွဲကျင်းပခြင်းမပြုနိုင်သည့်နယ်မြေများအား ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ကြေညာ

၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် လျှိုု့ဝှက်ဆန္ဒပြုခန်းတွင် ဆန္ဒမဲပေးနေသူအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေအချို့၌ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်တွင် ကြေညာချက်(၆)စောင်ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲမကျင်းပနိုင်သည့်နယ်မြေများအနက် ကချင်ပြည်နယ်အတွင်းရှိ ခေါင်လန်ဖူးမြို့နယ်မှ ကျေးရွာအုပ်စု(၁)အုပ်စု၊ ဆွမ်ပရာဘွမ်မြို့နယ်မှ ကျေးရွာအုပ်စု (၃၁) အုပ်စု၊ မချမ်းဘောမြို့နယ်မှကျေးရွာအုပ်စု(၁၅)အုပ်စု၊ မံစီမြို့နယ် မှကျေးရွာအုပ်စု(၂၂)အုပ်စု၊မိုးမောက်မြို့နယ်မှကျေးရွာအုပ်စု(၂၁)အုပ်စု၊ ရွှေကူမြို့နယ်မှ ကျေးရွာအုပ်စု (၉) အုပ်စု၊ချီဖွေမြို့နယ်မှ ကျေးရွာအုပ်စု(၉)အုပ်စု၊ ဆော့လော်မြို့နယ်မှကျေးရွာအုပ်စု(၈)အုပ်စု၊ တနိုင်းမြို့နယ်မှ ကျေးရွာအုပ်စု (၂)အုပ်စု၊ဝိုင်းမော်မြို့နယ်မှ ကျေးရွာအုပ်စု(၁၃)အုပ်စု နှင့် အင်ဂျန်းယန်မြို့နယ်မှ ကျေးရွာအုပ်စု (၆၁)အုပ်စုတို့ပါဝင်ကြောင်း ကြေညာချက်အမှတ် (၁၉၂/၂၀၂၀)အရ သိရသည်။

ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်မြို့နယ်မှ ကျေးရွာအုပ်စု(၇)အုပ်စု၊ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကျေးရွာအုပ်စု(၉)အုပ်စု၊ဖာပွန်မြို့နယ်မှ ကျေးရွာအုပ်စု(၂၅)အုပ်စု၊ဘာအံမြို့နယ်မှ ပျဉ်းမပင်ဆိပ်ကျေးရွာအုပ်စု၊သံတောင်ကြီးမြို့နယ်မှ ကျေးရွာအုပ်စု(၈)အုပ်စု နှင့် မြဝတီမြို့နယ်မှ ကျေးရွာအုပ်စု(၃)အုပ်စုတို့ပါဝင်ကြောင်း ကြေညာချက်အမှတ် (၁၉၃/၂၀၂၀)တွင် ဖော်ပြထားသည်။

ကြေညာချက်အမှတ် (၁၉၄/၂၀၂၀)တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိကျောက်ကြီးမြို့နယ်မှ ကျေးရွာအုပ်စု(၁၂)အုပ်စု နှင့် ရွှေကျင်မြို့နယ် မှကျေးရွာအုပ်စု (၃၀)အုပ်စုတို့ပါဝင်ပြီး ကြေညာချက်အမှတ် (၁၉၅/၂၀၂၀)တွင် မွန်ပြည်နယ်ဘီးလင်းမြို့နယ်မှ ဘောနော်ခီးကျေးရွာအုပ်စုတို့ ပါဝင်ကြောင်း သိရသည်။

ကြေညာချက်အမှတ် (၁၉၆/၂၀၂၀)တွင် ရခိုင်ပြည်နယ်ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ကျောက်တော်မြို့နယ်၊မင်းပြားမြို့နယ်၊မြေပုံမြို့နယ်နှင့် မြောက်ဦးမြို့နယ်တစ်ခုလုံးကိုလည်းကောင်း၊ ကျောက်ဖြူမြို့နယ် မှ ရပ်ကွက် (၂) ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၂)အုပ်စု၊အမ်းမြို့နယ်မှရပ်ကွက်(၃)ရပ်ကွက်၊ကျေးရွာအုပ်စု (၂၉)အုပ်စု၊ စစ်တွေမြို့နယ် မှ ကျေးရွာအုပ်စု(၄)အုပ်စု နှင့် တောင်ကုတ်မြို့နယ်မှ ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂)အုပ်စု ကိုလည်းကောင်းထုတ်ပြန်ထားသည်။

ထို့ပြင် ရှမ်းပြည်နယ်မိုင်းလားမြို့နယ်၊ပန်ဆန်း(ပန်ခမ်း)မြို့နယ်၊ နားဖန်းမြို့နယ်၊မိုင်းမောမြို့နယ်၊ပန်ဝိုင်မြို့နယ်နှင့် မိုင်းကိုင်မြို့နယ်တစ်ခုလုံးကိုလည်းကောင်း၊ ကျောက်မဲမြို့နယ်မှ ကျေးရွာအုပ်စု(၁၂)အုပ်စု၊နောင်ချိုမြို့နယ်မှ ဆိပ်ဖူးကျေးရွာအုပ်စု၊ နမ့်ဆန်မြို့နယ်မှ ကျေးရွာအုပ်စု (၃)အုပ်စု၊မန်တုံမြို့နယ်မှ ကျေးရွာအုပ်စု (၂)အုပ်စု၊ မိုင်းခတ်မြို့နယ်မှ ကျေးရွာအုပ်စု(၄)အုပ်စု၊မိုင်းယန်းမြို့နယ် မှ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၃)အုပ်စု၊ မိုင်းဖြတ်မြို့နယ်မှ လုံကောင့်ကျေးရွာအုပ်စု၊မိုင်းယောင်းမြို့ နယ်မှ ကျေးရွာအုပ်စု (၈) အုပ်စု၊ ကွတ်ခိုင်မြို့နယ်မှ ကျေးရွာအုပ်စု(၄)အုပ်စု၊မူဆယ်မြို့နယ်မှ ရပ်ကွက်(၁)ရပ်ကွက်၊ကျေးရွာအုပ်စု(၉)အုပ်စု၊ မက်မန်းမြို့နယ်မှကျေးရွာအုပ်စု(၁၇)အုပ်စု၊ မိုင်းတုံမြို့နယ်မှ ကျေးရွာအုပ်စု(၃)အုပ်စု၊ တန့်ယန်းမြို့နယ်မှ ကျေးရွာအုပ်စု (၁၁)အုပ်စု၊ လားရှိုးမြို့နယ်မှ ကျေးရွာအုပ်စု (၆)အုပ်စု၊ကွမ်းလုံမြို့နယ်မှ မန်ပြိန်းကျေးရွာအုပ်စု၊ကုန်းကြမ်းမြို့နယ်မှ ဟုံအိုက်ကျေးရွာအုပ်စု၊ဟိုပန်မြို့နယ် မှ ရပ်ကွက်(၅)ရပ်ကွက်၊ကျေးရွာအုပ်စု (၃၇) အုပ်စု တို့ပါဝင်ကြောင်း ကြေညာချက်အမှတ်(၁၉၇/၂၀၂၀)ဖြင့် ထုတ်ပြန်ထားသည်။  (Xinhua)