Connect with us

Politics, Law & Military

ရှမ်းပြည်နယ် သီပေါမြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွား

သီပေါမြို့အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် သီပေါမြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ ၂၀း၄၅နာရီ အချိန် သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာနေ ဦးစံဆိုင်း(၆၅)နှစ်သည် နေအိမ် တွင်ရှိနေစဉ် ၎င်းနောက်မှ ရှမ်းအင်္ကျီ၊ ဘောင်းဘီဝတ်ဆင်ထားပြီး မျက်နှာတွင် မျက်နှာဖုံးစွပ်ထားသော အမည်မသိ အမျိုးသား ၁ ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး အသင့်ပါလာသော သေနတ်အတိုဖြင့် ၃ ချက်ခန့် ပစ်ကာပြန်လည် ထွက်ခွာသွားခဲ့ပါသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဦးစံဆိုင်းတွင် ဝမ်းဗိုက်/နောက်ကျော/ ခါး ကျည်ဖောက်ထွက်ဒဏ်ရာများရရှိခဲ့၍ သေနတ်ဖြင့် ပစ်ခတ်သွားသူ(စုံစမ်းဆဲ)အား နမ့်လန်နယ်မြေ ရဲစခန်း (ပ) ၁၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၇ (လူသတ်ရန် ကြံစည်မှု)ဖြင့် အမှုဖွင့်စုံစမ်းလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.