Connect with us

Politics, Law & Military

သီးနှံပျက်စီး တောင်သူများအတွက် အရေးပေါ် ရန်ပုံငွေမှ ကျပ် လေးဘီလီယံ ခွဲခန့်အသုံးပြုမည်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးလှကျော် လွှတ်တော်၌ တင်ပြရှင်းလင်းစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် ရေကြီး ရေလျှံခြင်းကြောင့် သီးနှံပျက်စီးခဲ့ရသည့် တောင်သူ လယ်သမားများ သီးနှံ အစားထိုး ပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် ပြည်ထောင်စု၏ အရေးပေါ် ရန်ပုံငွေမှ ကျပ် ၄ ဒသမ ၃၄၉ ဘီလီယံ ထောက်ပံ့ခြင်းကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက မှတ်တမ်းတင် ခဲ့သည်။

ထိုသို့သုံးစွဲခဲ့ရခြင်းနှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က “ ၂၀၁၇ ခုနှစ် မိုးရာသီမှာ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး ပြည်နယ် အလိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ခြင်း၊ပိုးမွှား ကျရောက်ခြင်း၊ တိရစ္ဆာန် ဖျက်ဆီးခြင်း၊ တောင်ပြိုခြင်း၊ မြေသားကမ်းပြိုခြင်း စတဲ့ အကြောင်းတရားတွေကြောင်း သီးနှံဧက သုံးသိန်း ကျော် (၃၂၁,၇၈၃ ဧက) ပျက်စီးခဲ့ပါတယ်၊ သီးနှံပျက်စီးမှုအတွက် ပြဌာန်းထားတဲ့ တောင်သူ လယ်သမား အကျိုးစီးပွား မြှင့်တင်ရေးနဲ့ ကာကွယ်ရေး ဥပဒေအရ သီးနှံများ အမြန်ဆုံး ပြန်လည် အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် အရေးပေါ် ရန်ပုံငွေမှ ထောက်ပံ့ပေးနိုင်ဖို့ဖြစ်ပါတယ်” ဟု ရှင်းလင်း တင်ပြ ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ကလည်း ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး ၁၄/ ၂၀၁၈ က သဘောတူခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် တင်ပြခဲ့ရာ ပြည်ထောင်စု လွှတ်တော်က သဘောတူပြီး မှတ်တမ်းတင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.