Connect with us

Politics, Law & Military

အချို့သော ဝန်ကြီးဌာန များနှင့် နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ ဝင်ငွေများ ကျဆင်းနေပြီး အခွန် ကင်းလွတ်ခွင့် ပေးခြင်းများ အထူးဂရုပြု ဆောင်ရွက်ရန် လိုအပ်ဟုဆို

ပြည်ထောင်စု လွှတ်တော် ကျင်းပနေပုံ မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံတော် တစ်ခုလုံးအနေဖြင့် ဝင်ငွေရရှိမှု အခြေအနေသည် ၂၀၁၄-၂၀၁၅ ၊ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ်တွင် တိုးတတ် လာသော်လည်း အချို့သော ဝန်ကြီး ဌာနများနှင့် အချို့သော နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများသည် ဝင်ငွေများ ကျဆင်းနေကြောင်း တွေ့ရှိရသည်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီမှ ဇူလိုင်လ ၁၆ ရက် ပြည်ထောင်စု လွတ်တော် အစည်းအဝေးတွင် တင်သွင်း အစီရင်ခံခဲ့သည်။

ပြည်ထောင်စု၏ ရငွေမှာ ယမန်နှစ် ၂၀၁၃-၂၀၁၄ ခုနှစ် ဒုတိယ ၆ လပတ်တွင် ၇,၇၁၁.၂၂ ကျပ် ဘီလီယံ ရရှိခဲ့ပြီး ယခုနှစ် ၂၀၁၄ – ၂၀၁၅ ခုနှစ် ဒုတိယ ၆ လပတ်တွင် ၉,၅၃၅ . ၄၄ ကျပ် ဘီလီယံ တိုးတက် ရရှိခဲ့သည်။ဝန်ကြီး ဌာနများ၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ်တွင် ဝင်ငွေရရှိမှု အခြေအနေမှာ ဘဏ္ဍာရေး ၊ ဆက်သွယ်ရေး ၊ ရထား ၊ သမဝါယမ ၊ ပညာရေး ဝန်ကြီးဌာန များသည် ယမန်နှစ် ၆ လထက် ပိုမို ရရှိခဲ့ပြီး စွမ်းအင် ၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၊ ကာကွယ်ရေး ၊ ပြည်ထဲရေး ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး တို့သည် ယမန်နှစ် ၆ လထက် လျော့နည်း ရရှိခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။

ထို့ကြောင့် အချို့သော ဝန်ကြီးဌာနများနှင့် အချို့သော နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ၊ ပထမ ၆ လပတ်တွင် ဝင်ငွေများ တိုးတက် ရရှိရေး ဆောင်ရွက်ရန် လိုအပ်သည်ဟု ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် ဒုတိယ (၆)လပတ် အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို ဖတ်ကြား တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပြည်ထောင်စု၏ အခွန်ရငွေမှာ အဖွဲ့အစည်း ၁၁ ခုမှ စုစုပေါင်း ၆ , ၅၁၅ ကျပ်ဘီလီယံ ၊ ရာခိုင်နှုန်း အားဖြင့် ၁၀၀ ရာခိုင်နှုန်း ရရှိခဲ့သည်။အခွန်ကောက်ခံ ရရှိငွေသည် တိုးတက် ရရှိလာသော်လည်း နိုင်ငံတကာ အခွန်ကောက်ခံ ရရှိမှုနှုန်းထား နှင့် နှိုင်းယှဉ်လျှင် နည်းနေသေးသဖြင့် အခွန်များ တိုးမြင့်ရရှိရေးအတွက် ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အခွန် ကင်းလွတ်ခွင့် ပေးခြင်းများကို အထူးဂရုပြု ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီမှ သဘောထား မှတ်ချက် ပြုထားသည်။ (Xinhua)