Connect with us

Politics, Law & Military

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဗဟိုကော်မတီ တတိယ အကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ဆုံးဖြတ်ချက် ၅ ချက် နှင့် ရှေ့လုပ်ငန်းစဉ် ၃ ရပ် ချမှတ်

NLD ပါတီ ဒုတိယ ဗဟိုကော်မတီ ၊ တတိယ အကြိမ်မြောက် ပုံမှန် အစည်းအဝေး အပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ၏ ဒုတိယ ဗဟိုကော်မတီ ၊ တတိယ အကြိမ်မြောက် ပုံမှန် အစည်းအဝေးကို ရန်ကုန်မြို့၌ နှစ်ရက်ကြာ ကျင်းပ ပြုလုပ်ခဲ့ပြီးနောက် ဆုံးဖြတ်ချက် ၅ ချက် နှင့် ရှေ့လုပ်ငန်းစဉ် ၃ ရပ် ချမှတ်ခဲ့ကြောင်း NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ(၂) ဦးဇော်မြင့်မောင်က ယနေ့စက်တင်ဘာ ၂၂ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက် ၅ ချက်မှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှ ဦးဆောင်၍ စွမ်းရည်မြှင့် သင်တန်းများ ပေးရန် ၊ တွေ့ဆုံပွဲများ ပြုလုပ်ခြင်းဖြင့် ပါတီ ၊ အစိုးရ ၊ လွှတ်တော် ဟန်ချက်ညီညီ ဆောင်ရွက်သွားရန် ၊ လယ်ယာမြေ ကိစ္စများ နှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရ အဖွဲ့များသို့တိုက်တွန်းပေးရန် ၊ ရွေးကောက်ပွဲ မဟာဗျူဟာ ရေးဆွဲခြင်း ပြုလုပ်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များမှ ရွေးကောက်ပွဲ ဆိုင်ရာ အခြေခံ အချက်အလက်များ ပေးပို့ရန် နှင့် တိုင်းရင်းသား ရေးရာ ကော်မတီ ဖွဲ့စည်းရန် တို့ဖြစ်ကြောင်း သိရသည်။

“ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက် ၅ ချက်က ဗဟိုကော်မတီဝင်များရဲ့တင်ပြချက်များ အပေါ်မှာ မူတည်ပြီးတော့မှ ဆုံးဖြတ် ချက် ချမှတ်တာ ဖြစ်ပါတယ်။”ဟု NLD ဒုတိယ ဥက္ကဋ္ဌ ဦးဇော်မြင့်မောင်က ပြောကြားခဲ့သည်။

ထို့အတူ ရှေ့လုပ်ငန်းစဉ်များ အဖြစ် အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ပြည်တွင်းစစ် ချုပ်ငြိမ်းရေး ၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ၊ အဖွဲ့ချုပ် အဖွဲ့ဝင်များ အကြား ညီညွတ်ရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး ၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီး အောင်နိုင်ရေး ဟူ၍ လုပ်ငန်းစဉ် ၃ ရပ် ပါဝင်ကြောင်း သိရသည်။

NLD ဒုတိယ ဗဟိုကော်မတီ ၊ တတိယ အကြိမ်မြောက် ပုံမှန် အစည်းအဝေး အပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး ၊ ကိုယ်စားလှယ်လောင်း ရွေးချယ်သွားမည့် အစီအစဉ် ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်နေမှု စသည့်တို့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားခဲ့ကြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုတိယ ဗဟိုကော်မတီ ၊ တတိယ အကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ဗဟို အလုပ်အမှုဆောင်အဖွဲ့၏ နိုင်ငံရေး အစီရင်ခံစာ တင်သွင်းခြင်း ၊ ဗဟို လုပ်ငန်း ကော်မတီ များ၏ အစီရင်ခံစာများ ၊ ပြည်နယ်/တိုင်းဒေသကြီး ကိုယ်စားပြု ဗဟိုကော်မတီဝင်များ နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများမှ တင်သွင်းသည့် စာတမ်းများ ဖတ်ကြားခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

NLD ဒုတိယ ဗဟိုကော်မတီ ၊ တတိယ အကြိမ်မြောက် ပုံမှန် အစည်းအဝေးအား စက်တင်ဘာ ၂၁ ရက် နှင့် ၂၂ ရက်တို့တွင် နှစ်ရက်ကြာ ကျင်းပခဲ့ပြီး အစည်းအဝေးသို့တက်ရောက်ခွင့် ရှိသူ ၁၅၆ ဦး အနက် ၁၃၄ ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.