Connect with us

Politics, Law & Military

ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင် လေ့လာ စိစစ်သုံးသပ်မှုများကို ဆက်လက် ဆောင်ရွက် သွားမည်

မြစ်ဆုံ ဧရိယာ တစ်ဝိုက်အား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင် အနေဖြင့် တွေ့ဆုံမေးမြန်းသင့်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ထပ်မံတွေ့ဆုံမှုများ၊ လေ့လာ စိစစ် သုံးသပ်မှု များကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကော်မရှင်၏ သတင်းထုတ်ပြန်မှု အရ သိရသည်။

ကော်မရှင် လုပ်ငန်းများ ကို ဆောင်ရွက် ဆဲဖြစ်သဖြင့် ယခု ပထမ အစီရင်ခံစာတွင် သုံးသပ်ချက်များ၊ အကြံပြုချက်များ ထည့်သွင်း တင်ပြထားခြင်း မရှိသေးကြောင်း နိုင်ငံတော် သမ္မတ ထံသို့ နိုဝင်ဘာ ၁၁ ရက် တွင် တင်ပြသည့် ပထမအစီရင်ခံစာအပေါ် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ပထမအစီရင်ခံစာတွင် ကော်မရှင်မှလေ့လာစုစည်းထားသော မြန်မာနိုင်ငံ၏ လျှပ်စစ် ဓာတ်အား ထုတ်လုပ် နိုင်သည့် ရေအားလျှပ်စစ်အရင်းအမြစ်များနှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ၊ ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများဖြစ်ပေါ်လာပုံနှင့် မြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းနှင့် ဆက်စပ်သော စာချုပ်စာတမ်းများ၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဆိုင်ရာ အချက်အလက်များနှင့် ကော်မရှင်၏ ဆောင်ရွက်ချက် များ Factual Report ကို ထည့်သွင်းဖော်ပြထားကြောင်း သတင်းထုတ်ပြန်မှု အရ သိရသည်။

ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်း များ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင် သည် သြဂုတ်လ ၂၂ ရက်မှ နိုဝင်ဘာလ ၈ ရက်နေ့များ အတွင်း ကော်မရှင်၏ အစည်းအဝေးများကို (၁၁)ကြိမ် ကျင်းပ ပြုလုပ်နိုင်ခဲ့ပြီး စီမံကိန်းနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်း များနှင့် အချက်အလက်များကို ဘက်စုံထောင့်စုံမှ လေ့လာစိစစ်သုံးသပ်နိုင်ရန် စုပေါင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ကော်မရှင်သည် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းများ၏ မူလ Environmental Impact Report အစီရင်ခံစာ တွင် ဖော်ပြပါရှိသည့် သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ပတ်သက်၍ လေ့လာဆန်းစစ်မှုများကိုစိစစ်ရန် ပညာရပ်အထောက်အကူပြု အဖွဲ့အဖြစ် မြန်မာ့ ပတ်ဝန်းကျင်အဖွဲ့ (Myanmar Environment Institute) ကို တာဝန်ပေးအပ်ထားကြောင်း သိရသည်။ကော်မရှင်၏လုပ်ငန်းတာဝန်များ ပြီးမြောက်အောင် ဆောင်ရွက်ပြီး အပြီးသတ်အစီရင်ခံစာကို နိုင်ငံတော် သမ္မတ ထံသို့ တင်ပြသွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117