Connect with us

Politics, Law & Military

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတရန် အတွက် မီဒီယာကူညီရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနား၌ ပြည်သူ့လွတ်တော် တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေပုံ (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၃ ရက် (ဆင်ဟွာ)

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် နိုင်ငံ၏ အနာဂတ်အတွက် အရေးကြီးသောကြောင့် မီဒီယာများအနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အကူအညီ ပေးသင့်ကြောင်း မေလ (၃) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနား၌ ပြည်သူ့လွှတ်တော် တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့သည်။

မေလ (၃) ရက်တွင် ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ (World Press Freedom Day) အခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel ဟိုတယ်၌ ကျင်းပခဲ့သည်။
‘‘ ဒီရွေးကောက်ပွဲများဟာ လွတ်လပ်ပြီး တရားမျှတဖို့ အတွက် စာနယ်ဇင်း လောကက တတ်နိုင်သရွေ့ကူညီခြင်းအားဖြင့် ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ကို အကောင်းဆုံး ဆောက်လုပ်ပေး နေတာ ဖြစ်မယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့် ကျွန်မ မေတ္တာရပ်ခံ ချင်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုင်ငံတကာမှ အဖွဲ့အစည်း တစ်ဒါ ဇင်ခန့်မှာ မြန်မာနိုင်ငံ၏ မီဒီယာ ညွှန်းကိန်းများ၊ အစီရင်ခံစာများကို ထုတ်ပြန်ရာတွင် လွတ်လပ် မှုတစ်ခုကိုသာ အခြေခံထားပြီး သတင်း၏ အရည်အသွေးများနှင့် အယ်ဒီတာလွတ်လပ်ခွင့်များကို ထင်ဟပ်ခြင်းမရှိသောကြောင့် ပြည့်စုံလုံလောက်သည်ဟု မယူ ဆကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။

ကမ္ဘာ့ စာနယ်ဇင်းလွတ် လပ်ခွင့်နေ့ အခမ်းအနားကို ပြန်ကြားရေး ဝန်ကြီးဌာနနှင့် UNESCO တို့က ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး UNESCO အတွင်းရေးမှူးချုပ်နှင့် ကမ္ဘာ့ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်တို့၏ သဝဏ်လွှာများကို ရန်ကုန်ရုံးဌာနေ ကိုယ်စားလှယ်က ဖတ်ကြားခြင်းနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၊ မြန်မာနိုင်ငံသတင်းစာ ဆရာများအသင်း၊ မြန်မာ ဂျာနယ်လစ် ကွန်ရက်၊ နိုင်ငံတကာ သတင်းအဖွဲ့ (BNI)၊ တိုင်းရင်းသားမီဒီယာ၊ အမျိုးသား စီမံခန့်ခွဲမှု ကောလိပ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးတို့က သဝဏ်လွှာနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.