Connect with us

Politics, Law & Military

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်များ၏ သတင်းများ သိရှိစေရန် တိုင်းနှင့် ပြည်နယ်များသို့ ဆက်သွယ်ရမည့် ဖုန်းနံပတ်များ တရားဝင် ထုတ်ပြန်

၂၀၁၇ခုနှစ်အတွက်ကြားဖြတ် ရွေးကောက်ပွဲ၌ ကြည်မြင်တိုင် မြို့နယ် မဲရုံတစ်ခုတွင်ဆန္ဒမဲရလဒ်များရေတွက်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်များ၏ သတင်းများ သိရှိစေရန် တိုင်းနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်သို့ ဆက်သွယ်ရမည့် ဖုန်းနံပတ်များ ယနေ့ (အောက်တိုဘာ ၂၈ ရက်)၌ တရားဝင် ထုတ်ပြန်လိုက်ကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရသည်။

အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသောပုဂ္ဂိုလ်၏အမည် ကြေညာခြင်း များကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၉ (ခ)၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၇၂ တို့နှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် ထုတ်ပြန်ကြေညာသွားမည်ကြောင်း သိရသည်။

အဆိုပါ ရွေးကောက်ပွဲရလဒ်နှင့်စပ်လျဉ်း၍ သတင်းရယူလိုသော နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပြည်တွင်းပြည်ပရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့များ၊ မီဒီယာများနှင့် အခြားအဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံတွင် အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဆက်သွယ်၍ သတင်း ရယူနိုင်ပါကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရလဒ်များကို ဆက်သွယ်ရန် ကချင်ပြည်နယ်၀၇၄-၂၁၆၇၈၊ ၀၉-၆၆၂၇၃၄၀၁၄ ၊ကယားပြည်နယ် ၀၈၃-၂၂၂၃၁၂၈၊ ၀၉-၄၄၆၈၄၉၄၈၀ ၊ကရင်ပြည်နယ်၀၅၈-၂၃၃၉၇၊ ၀၉-၄၄၂၆၃၈၁၈၁ ၊ချင်းပြည်နယ် ၀၇၀-၂၁၅၉၉၊ ၀၉-၂၅၉၀၇၇၉၈၈ ၊ စစ်ကိုင်းတိုင်းဒေသကြီး ၀၇၁-၂၂၇၇၄၊ ၀၉-၄၂၀၆၈၇၈၆၈ ၊တနင်္သာရီတိုင်းဒေသကြီး ၀၅၉-၂၃၅၂၅၊ ၀၉-၇၈၁၂၇၅၅၃၁ ၊ ပဲခူးတိုင်းဒေသကြီး၀၅၂-၂၂၂၁၀၂၄၊ ၀၉-၂၅၅၀၆၆၀၆၁ ၊ မကွေးတိုင်းဒေသကြီး ၀၆၃-၂၈၆၉၁၊ ၀၉-၂၅၆၄၁၈၇၀၇ ၊မန္တလေးတိုင်းဒေသကြီး ၀၂-၄၀၆၉၀၄၂၊ ၀၉-၄၀၆၈၆၉၉၄၄ ၊ မွန်ပြည်နယ် ၀၅၇-၂၄၂၉၁၊ ၀၉-၄၄၄၅၅၆၅၆၃ ၊ ရခိုင်ပြည်နယ် ၀၄၃-၂၂၈၈၇၊ ၀၉-၈၈၃၅၃၄၄၁၀ ၊ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၃၀၆၂၉၃၊ ၀၉-၈၉၉၀၃၈၈၀၀ ၊ ရှမ်းပြည်နယ်
၀၈၁-၂၁၂၅၅၆၇၊ ၀၉-၈၉၉၃၃၃၀၅၅ နှင့် ဧရာဝတီတိုင်းဒေသကြီး ၀၄၂-၂၀၂၁၈၉၀၊ ၀၉-၇၇၀၈၃၇၀၆၉ စသည့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယင်းကြေညာချက်များကို နေ့စဉ် စုစည်း၍ နိုင်ငံပိုင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညပိုင်း (၈:၀၀) နာရီ သတင်းအစီအစဉ်များတွင် ထပ်ဆင့် သတင်းထုတ်ပြန်ကြေညာမည်ဖြစ်ပြီး၊နောက်တစ်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်လည်း ထည့်သွင်းဖော်ပြကြေညာမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံးသည့် ကြော်ငြာ ပိုစတာများကို မဲဆွယ်စည်းရုံး ခွင့်ပြု ထားသည့် နောက်ဆုံးရက် နိုဝင်ဘာ ၆ရက်နေ့ ည ၁၂:၀၀ နာရီ အချိန် နောက်ဆုံးထား၍ ဖြုတ်သိမ်းပေးရမည် ဖြစ်ပြီး သတ်မှတ်အချိန်ထိ မဲဆွယ်စည်းရုံးသည့် ကြော်ငြာ ပိုစတာများ ဖြုတ်သိမ်းထားခြင်းမရှိပါက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေးကော်မတီ သို့မဟုတ် မြို့နယ်စည်ပင်သာယာရေး ကော်မတီများနှင့် ညှိနှိုင်း၍ ကြော်ငြာ ပိုစတာများအား ဖြုတ်သိမ်းသွားစေမည်ကြောင်း၊ ယင်းသို့ ကြော်ငြာပိုစတာဖြုတ်သိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ရသည့် ကုန်ကျစရိတ် ကျသင့်ငွေအား သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းမှ ပြန်လည်ပေးချေရန် တာဝန်ရှိမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.