Connect with us

Politics, Law & Military

၂၀၂၀ တွင် ပို့ကုန်အသစ်ငါးမျိုး တိုးချဲ့မည်ဟု ဆို

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ကြွရောက်လာစဉ်။

နေပြည်တော်၊သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၂၀ – ၂၅)တွင် လက်ရှိ ဦးစားပေးကဏ္ဍ ၁၁ ခုအပြင် နောက်ထပ် ကဏ္ဍအသစ် ငါးမျိုးတို့ကိုတိုးချဲ့ဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ကဏ္ဍအသစ် ငါးခုဖြစ်တဲ့ ကျောက်မျက်၊ လက်ဝတ်ရတနာ၊ ဒစ်ဂျစ်တယ်လ်စီးပွားရေး လုပ်ငန်း၊ သစ်သီးဝလံနဲ့ လက်မှု အနုပညာပစ္စည်း ထုတ်လုပ်မှု ကဏ္ဍတွေကို တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

အုတ်တွင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချို၏ ‘လယ်ယာထွက်ကုန်သီးနှံများ ပြည်ပဈေးကွက်မပျက်ရေးဆိုင်ရာ အမေး’ ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဖြေကြားချက်များနှင့် ပေါင်းစပ်ပြီး စီးပွား/ ကူးသန်း ဒုတိယ ဝန်ကြီး က ဖြေကြားရာတွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

လယ်ယာထွက်ကုန်သီးနှံများ ပြည်ပဈေးကွက်မပျက်ရေးနှင့် ပတ်သက်ပြီး ဆန်တင်ပို့မှုတွင် ဖိလစ်ပိုင်၊ မိုဇမ်ဘစ်နှင့် တရုတ်နိုင်ငံတို့နှင့် လည်းကောင်း၊ ပဲတီစိမ်းကို တရုတ်၊ ဗီယက်နမ်တို ့သို့ တင်ပို့ခွင့်များ ထပ်မံ ရရှိ ထားကြောင်း၊ မြန်မာနိုင်ငံ၏ ပဲတီစိမ်း တင်ပို့မှုသည် ဥရောပ သမဂ္ဂက တင်သွင်းမှု၏ ၈၀ ရာခိုင်နှုန်း ရရှိနေကြောင်း၊ ပြောင်းတင်ပို့မှုမှာလည်း ဈေးကွက်သစ်အဖြစ် ထိုင်းနိုင်ငံသို့ တန်ချိန် ငါးသိန်းခွဲ တင်ပို့ နိုင်ခဲ့ကြောင်း၊ အထည်ချုပ်လုပ်ငန်းအနေဖြင့် ရရောပ၊ တရုတ်၊ ဂျပန်နှင့် အမေရိကန် ဈေးကွက်များကို ရရှိထားကြောင်း၊ ပြည်ပဈေးကွက်ခိုင်မာရေးအတွက် မိမိတို့ ထုတ်ကုန်များအား နိုင်ငံတကာ ဈေးကွက်က သတ်မှတ်ထားသည့် စံချိန် စံညွှန်းများနှင့် ကိုက်ညီရမည် ဖြစ်သောကြောင့် သီးနှံအရည်အသွေးကောင်းမွန်စေရေး၊ ဘေးအန္တရာယ်ကင်းစေရေး အတွက် ပြည်ပတင်ပို့ရန် အလားအလာကောင်းသော သီးနှံ ၁၅ မျိုးကို GAP စနစ် အသုံးပြု စိုက်ပျိုးနိုင်ရန် ဘက်ပေါင်းစုံက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ဒုတိယ ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.